A d v e r t i s e m e n t With Us

ဈေး​ကောက်ယူပြီး​ ပစ္စည်း​ပါသိမ်း​သည့်​ စည်ပင်

ကျ​နော်တို့​ဟာ ရန်ကုန်မြို့​ ဗဟန်း​မြို.နယ် ဓမ္မ​စေတီလမ်း​မှာ လမ်း​ဘေး​တ​လျှောက် ကွမ်း​ယာဆိုင်၊​ အသုပ်ဆိုင်၊​ ဓာတ်ဆ်ီဆိုင်၊​ သစ်သီး​ဆိုင် ​လေး​တွေ ဖွင့်​ပြီး​ ​ရောင်း​ချ လုပ်ကိုင်စား​သောက်နရတဲ့​ သူ​တွေဖြစ်ပါတယ်။ ကျ​နော်တို့​ အဲလို ​ရောင်း​ချခွင့်​ရဖို့​ မြို့​နယ်စည်ပင်ကို ပိုက်ဆံ​ပေး​ရပါတယ်။ အခုအခါမှာ​တော့​ မြို့​နယ်စည်ပင်က ​ဈေး​ကောက်​တွေဟာ လမ်း​ဘေး​ ​ဈေး​မ​ရောင်း​ရ​တော့​ဘူး​ဆိုပြီး​ ​ဈေး​ကောက်လည်း​ ​ကောက်​သေး​ ပစ္စည်း​တွေကိုလည်း​ သိမ်း​သွား​ကြပါတယ်။ မရှိလို့​ လမ်း​ဘေး​ဈေး​ရောင်း​စား​ရတာပါဗျာ။ ​ဈေး​ကောက်က မနက်​ကောက်ပြီး​ ည​နေကျ​တော့​ မ​ရောင်း​ရဘူး​ဆိုပြီး​လုပ်တာကို ဘယ်လိုနား​လည်ရမှာလဲ။ ပစ္စည်း​တွေကိုလည်း​ သူတို့​ ​ရောင်း​စား​လို့​ ရမယ့်​ဟာပဲ သိမ်း​တာပါ။ သူတို့​ လိုတမျိုး​ မလိုတမျိုး​ အမျိုး​မျိုး​ အနိုင်ကျင့်​နေကြပါတယ်။ တ​နေ့​လုပ်တ​နေ့​စား​ ကျ​နော်တို့​ဘဝ​တွေက​တော့​ အရင်း​တောင် ရင်း​စရာမရှိ​တော့​ပါဘူး​။ မြို့​တော်စည်ပင်ကို ​မေး​ချင်တာက​တော့​ ရန်ကုန်မြို့​တွင်း​က ​လေး​လမ်း​သွား​ကို နှစ်လမ်း​သွား​တောင် မရတဲ့​ထိ ပိတ်​ရောင်း​တဲ့​ ​ဈေး​သည်​တွေကို​တော့​ ဘာလို့​ အ​ရေး​မယူဘဲ လွှတ်​ပေး​ထား​တာပါလဲ။ ကျ​နော်တို့​ ဆင်း​ရဲသား​တွေရဲ့​ ​ချွေး​စက်​တွေကိုပဲ စား​ပြီး​ အသက်ရှင်ကြ​တော့​မှာလား​ ခင်ဗျ။ လမ်း​ဘေး​ဈေး​သည်တဦး

A d v e r t i s e m e n t With Us

More News
Up