A d v e r t i s e m e n t With Us

ဂွာတီမာလာ မူးယစ်ဂိုဏ်းခေါင်းဆောင်ကို အမေရိကန်သို့ လွှဲပြောင်း (ရုပ်သံ)

မက္ကဆီကိုမူးယစ်ဂိုဏ်းကြီးတွေနဲ့ ဆက်စပ်လုပ်ကိုင်တဲ့ ဂွာတီမာလာ မူးယစ်ဂိုဏ်း ခေါင်းဆောင်တဦးကို ဂွာတီ မာလာအစိုးရက ဇူလိုင်လ ၂၄ ရက်နေ့က အမေရိကန်ပြည်ထောင်စုကို လွှဲပြောင်းပေးအပ်လိုက်ပါတယ်။ အယ်ပေးလုံ El Pelón လို့လည်း လူသိများတဲ့ မူးယစ်ရာဇာ ဟိုင်ရို အိုရီယာနာ Jairo Orellana ကို ပြီးခဲ့တဲ့နှစ်မေလက ဂွာတီမာလာနိုင်ငံမှာပဲ လူ ၃ ဦး သေဆုံးခဲ့ရတဲ့ပစ်ခတ်မှုအတွင်း ဖမ်းဆီးခံခဲ့ရတာပါ။ အမေရိကန်နိုင်ငံထဲကို ကိုကင်းအများအပြားခိုးသွင်းခဲ့မှု၊ တခြားရာဇ၀တ်မှုတွေနဲ့ အမေရိကန် အစိုးရက အထူးအလိုရှိနေသူလို့ ဂွာတီမာလာပြည်ထဲရေး ဒုဝန်ကြီးက ပြောဆိုပါတယ်။ သူဟာ မက္ကဆီကိုမူးယစ်ဂိုဏ်းကြီးတွေဖြစ်တဲ့ လို့ဇေးတတ်စ် Los Zetas ဂိုဏ်း၊ စီနာလိုအာ ကာတလ် Sinaloa Cartel တို့နဲ့ အဆက်အသွယ်ရှိခဲ့တာပါ။ စီနာလိုအာ Sinaloa Cartel ဂိုဏ်းခေါင်းဆောင် ဂုဇ်မန်း Guzman ကတော့ လုံခြုံရေးအဆင့်မြင့်မက္ကဆီကို အကျဉ်းထောင်တခုကနေ အခုလထဲမှာပဲ ဖောက်ပြေးလွတ်မြောက်သွားပါတယ်။ ဂွတီမာလာဆိုင်ရာ အမေရိကန်သံရုံးအရာရှိတဦးလည်း အယ်ပေးလုံ El Pelón ကို တရားဥပဒေအရ အရေးယူနိုင်လိမ့်မယ်လို့ ယုံကြည်တယ်လို့ သတင်းထောက်တွေကို ပြောဆိုပါတယ်။ အယ်ပေးလုံ El Pelón ဟာ အမေရိကန်ပြည်ထောင်စုကို အလွှဲအပြောင်းမခံရအောင် ဥပဒေကြောင်းအရ ၁ နှစ်ကြာ ရင်ဆိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂ ပတ်ကမှ စိတ်ပြောင်းလက်ခံခဲ့တာလို့ သူ့ရဲ့ရှေ့နေက ပြောဆိုပါတယ်။ သူဘာကြောင့်စိတ်ပြောင်းပြီး လက်ခံခဲ့တယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။

A d v e r t i s e m e n t With Us

More News
Up