ရီးရဲလ်ကို ဂိုးပြတ်ဖြင့် မန်စီးတီးရှုံး (ရုပ်သံ)
သြစတြေးလျနိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ချန်ပီယံ ဖလား ဘောလုံးပြိုင်ပွဲမှာ စပိန် လာလီဂါက ရီးရဲလ်မက်ဒရစ်အသင်းက အင်္ဂလန်ပရီးမီးယားလိဂ်က မန်စီးတီး အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲကို ပရိသတ် ၉ သောင်းကျော်လာရောက်ကြည့်ရှုခဲ့သလို ပထမပိုင်းမှာ ရီးရဲလ်က ရော်နယ်ဒို၊ ဘန်ဇီမာ၊ ပီပီတို့ရဲ့ သွင်းဂိုးနဲ့ ၃ ဂိုး သွင်းယူခဲ့သလို မန်စီးတီးက ယာယာတိုရေးက ၁ ဂိုးသွင်းယူခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ဒင်းနစ်ချယ်ရီရှက်က ၁ ဂိုးသွင်းယူခဲ့ပြီး ၄ ဂိုး ၁ ဂိုးနဲ့ အဆုံးသတ်ခဲ့ပါတယ်။
မန်စီးတီးရှေ့တန်းတိုက်စစ်မှူး အဂွီရိုဟာလည်း ဒီပွဲမှာ ၀င်ရောက်မကစားနိုင်တဲ့ အတွက် စီးတီး ရှေ့တန်း အားပျော့သွားသလို နောက်တန်းက ကွန်ပနီကလည်း ဇနီး မီးဖွားနေတဲ့အတွက် မကစားနိုင်ခဲ့ပါဘူး။
မန်စီးတီးကို ပြောင်းရွှေ့လာတဲ့ အက်စ်တွန်ဗီလာ အသင်းခေါင်းဆောင် ဒဲလ်ဖ်ကလည်း ဒီပွဲမှာ ဒဏ်ရာရသွားပါတယ်။
နိုင်ငံတကာ ချန်ပီယံဖလားအဖြစ် သြစတြေးလျနိုင်ငံမှာ မန်စီးတီး၊ ရိုးမားနဲ့ ရီးရဲလ်အသင်းတို့ ယှဉ်ပြိုင်ကစားနေပါတယ်။