ရီးရဲလ်ကို ဂိုးပြတ်ဖြင့် မန်စီးတီးရှုံး (ရုပ်သံ)

သြစတြေးလျနိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ချန်ပီယံ ဖလား ဘောလုံးပြိုင်ပွဲမှာ စပိန် လာလီဂါက ရီးရဲလ်မက်ဒရစ်အသင်းက အင်္ဂလန်ပရီးမီးယားလိဂ်က မန်စီးတီး အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲကို ပရိသတ် ၉ သောင်းကျော်လာရောက်ကြည့်ရှုခဲ့သလို ပထမပိုင်းမှာ ရီးရဲလ်က ရော်နယ်ဒို၊ ဘန်ဇီမာ၊ ပီပီတို့ရဲ့ သွင်းဂိုးနဲ့ ၃ ဂိုး သွင်းယူခဲ့သလို မန်စီးတီးက ယာယာတိုရေးက ၁ ဂိုးသွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဒင်းနစ်ချယ်ရီရှက်က ၁ ဂိုးသွင်းယူခဲ့ပြီး ၄ ဂိုး ၁ ဂိုးနဲ့ အဆုံးသတ်ခဲ့ပါတယ်။ မန်စီးတီးရှေ့တန်းတိုက်စစ်မှူး အဂွီရိုဟာလည်း ဒီပွဲမှာ ၀င်ရောက်မကစားနိုင်တဲ့ အတွက် စီးတီး ရှေ့တန်း အားပျော့သွားသလို နောက်တန်းက ကွန်ပနီကလည်း ဇနီး မီးဖွားနေတဲ့အတွက် မကစားနိုင်ခဲ့ပါဘူး။ မန်စီးတီးကို ပြောင်းရွှေ့လာတဲ့ အက်စ်တွန်ဗီလာ အသင်းခေါင်းဆောင် ဒဲလ်ဖ်ကလည်း ဒီပွဲမှာ ဒဏ်ရာရသွားပါတယ်။ နိုင်ငံတကာ ချန်ပီယံဖလားအဖြစ် သြစတြေးလျနိုင်ငံမှာ မန်စီးတီး၊ ရိုးမားနဲ့ ရီးရဲလ်အသင်းတို့ ယှဉ်ပြိုင်ကစားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up