အကျင့်ပျက်ခြစားမှု အထောက်အပံ့ကို ထိခိုက်ဟု ဖီဖာပြော

495
ကမ္ဘာဖလားဘောလုံးပြိုင်ပွဲအတွက် ထောက်ပံ့မှုများ အကျင့်ပျက် ခြစားမှုကြောင့် ထိခိုက်တယ်လို့ ကမ္ဘာဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ပြောပါတယ်။
လက်ရှိ အထောက်အပံ့ပေးထားတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ထိပ်သီးဆွေးနွေးပွဲကို သြဂုတ်မှာ ကျင်းပသွားမယ်လို့လည်း ဆိုပါတယ်။
ဖီဖာ အတွင်းရေးမှူးကလည်း လက်ရှိအခြေအနေကြောင့် ထောက်ပံ့ပေးနေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ သဘောတူညီချက်ကို အဆုံးသတ်လို့ မရသေးဘူးလို့ ပြောပါတယ်။
အစောပိုင်းက ဖီဖာကို အဓိက ထောက်ပံ့ပေးနေတဲ့ ဗီဇာက အကျင့်ပျက်ချစားမှုနဲ့ ပတ်သက်ပြီး ဖီဖာက အလေးအနက် မရှိဘူးလို့ ပြောပါတယ်။
ဗီဇာအပြင်ထောက်ပံ့ပေးနေတဲ့ ကိုကာကိုလာနဲ့ မက်ဒေါ်နယ်တို့ကလည်း စာပို့ပြီး သတင်းအချက်အလက် တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဖီဖာကို ဘတ်ဝှိုင်းဇာဘီယာနဲ့ အားကစားပစ္စည်းတွေထုတ်လုပ်တဲ့ အက်ဒီးဒက်စ်ကလည်း ထောက်ပံ့ပေးထားပါတယ်။