Home
မြန်မာသတင်း
ကချင်နှင့် ရှမ်းပြည်နယ်တိုက်ပွဲများ အမေရိကန်စိုးရိမ်
DVB
·
July 25, 2015
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ တိုက်ခိုက်မှုတွေ ပြင်းထန်လာနေတဲ့ သတင်းတွေ အပေါ် ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အလွန်အမင်း စိုးရိမ်ကြောင်း ဇူလိုင် ၂၄ ရက်က ထုတ်ပြန်ပါတယ်။ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် အကာအကွယ်မဲ့ လူ့အဖွဲ့အစည်းတွေ မလိုလားအပ်ဘဲ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရသလို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် မရှိမဖြစ်တဲ့ ယုံကြည်မှုကိုလည်း ပျက်ပြားစေတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ စစ်မှန်တည်တံ့တဲ့ ငြိမ်းချမ်းရေးရဖို့ သက်ဆိုင်သူအားလုံး သည်းခံတရားထားရှိပြီး ဆက်လက် ဆွေးနွေးညှိနှိုင်းကြဖို့နဲ့ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေပေးဖို့လည်း မြန်မာ အာဏာပိုင်တွေကို အမေရိကန်သံရုံးက တိုက်တွန်းထားပါတယ်။ ရန်ကုန်မှာ အစိုးရနဲ့ တိုင်းရင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တနိုင်ငံလုံး အပစ်ရပ် စာချုပ် အချောသတ် ရေးဆွေးနွေးနေချိန်မှာ ရှမ်းပြည်နယ် မိုင်းရှူး ဒေသမှာ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်တွေနဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွားနေသလို ကချင်ပြည်နယ် ပူတာအိုနဲ့ ဆွမ်ပရာဘွမ်ဘက်မှာလည်း ကေအိုင်အေနဲ့ အစိုးရတပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024