တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်းကို လွှဲပေးရန် အမေရိကန် တောင်းဆို

နီကိုလပ်စ်လီယို (ဓာတ်ပုံ - ရိုက်တာ)
651
တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း နီကိုလပ်စ် လီယိုကို လွှဲပေးဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။
အမေရိကန် တရားရေးဌာနက စုံစမ်းနေတဲ့ ငွေမည်း ခ၀ါချမှုနဲ့ လာဘ်စားမှုတွေမှာ လီယိုက အဓိက သံသယရှိခံထားရတဲ့သူတဦး ဖြစ်ပြီး ပါရာဂွေးမှာ သူ့ကို နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။
လီယိုကတော့ အပြစ်မရှိဘူးလို့ ပြောဆိုထားပါတယ်။
မေလက ဖီဖာ အမှုဆောင် အရာရှိချုပ် ၇ ဦးကို ဆွစ်ဇာလန် ရဲတပ်ဖွဲ့တွေ ဖမ်းဆီးစဉ် လီယိုက ဂျီနီဗာမှာ ရှိမနေခဲ့ပါဘူး။
ဒါပေမယ့် နောက်ပိုင်းမှာ ပါရာဂွေး ရဲတပ်ဖွဲ့တွေက သူ့ကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။
အိမ်နီးချင်း ဘိုလီးဗီးယားမှာလည်း တောင်အာဖရိက ဘောလုံးအဖွဲ့ချုပ် ဘဏ္ဍာရေးမှူးကို အကျင့်ပျက် ခြစားမှုနဲ့ ဖမ်းဆီးထားပါတယ်။
တချိန်တည်းမှာပဲ ဖီဖာကို အဓိက ပံ့ပိုးမှုတွေ လုပ်နေတဲ့ ဗီဇာ ခရက်ဒစ်ကတ်ကလည်း ဖီဖာနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ တောင်းဆိုထားသလို ကိုကာကိုလာ ကုမ္ပဏီကလည်း အလားတူ တောင်းဆိုထားပါတယ်။