A d v e r t i s e m e n t With Us

တေးရေးဆရာ မောင်သစ်မင်း ကွယ်လွန်

တေး​ရေး​ဆရာ​မောင်သစ်မင်း​ဟာ ဇွန်လ ၅ ရက် ထိုင်း​နိုင်ငံ စံ​တော်ချိန် မနက် ၉ နာရီ မိနစ် ၂၀ မှာ အူမကြီး​ကင်ဆာ​ရောဂါနဲ့​ ကွယ်လွန်သွား​ပါတယ်။ ထိုင်း​နိုင်ငံ၊​ ဘန်​ကောက်မြို့​ရှိ ဆမ်မီတ​ဝေ့​ ​ဆေး​ရုံကြီး​မှာ ပြီး​ခဲ့​တဲ့​ ​မေလ ၂၂ ရက်​နေ့​ကတည်း​က တက်​ရောက်ကုသ​နေတာ ဖြစ်ပါတယ်။ အခုလို ကွယ်လွန်သွား​တဲ့​ အတွက် ဘန်​ကောက်မြို့​မှာပဲ မီး​သင်္ဂြိုဟ်ဖို့​ စီစဉ်ထား​ပြီး​ ကျန်ရစ်တဲ့​ အရိုး​ပြာကို မြန်မာနိုင်ငံကို ပြန်လည် သယ်​ဆောင်သွား​မှာလို့​ မိသား​စုနဲ့​နီး​စပ်တဲ့​ သူ​တွေဆီက​နေ သိရပါတယ်။ တေး​ရေး​ ​မောင်သစ်မင်း​ရဲ့​ အမည်ရင်း​မှာ ဦး​ဒေဝ ဖြစ်ပြီး​ အနုပညာ​လောကကို ကဗျာ၊​ ဝတ္ထု​တွေ ​ရေး​သား​ရာက​နေ တဆင့်​ ​တေး​ရေး​အဖြစ် ဝင်​ရောက်ခဲ့​သူလည်း​ ဖြစ်ပါတယ်။ မကွယ်လွန်ခင် နှစ် ၅၀ ပြည့်​ အမှတ်တရအဖြစ် အဆို​တော်​တော်များ​များ​ ပါဝင် သီဆိုထား​တဲ့​ '​တေး​မြုံငှက် ၁' နဲ့​ '​တေး​မြုံငှက် ၂' ​တေး​အယ်လ်ဘမ်နဲ့​ ​တေး​ရေး​ဆရာ တဦး​တည်း​ရဲ့​ သီချင်း​တွေကို စုစည်း​ထား​တဲ့​ 'ကမ္ဘာသစ် ၁' နဲ့​ 'ကမ္ဘာသစ် ၂' လိုက်ဖ်ရှိုး​တေး​အယ်လ်ဘမ် တို့​ကို ပြီး​ခဲ့​တဲ့​ နှစ်​တွေထဲမှာ ထွက်ရှိခဲ့​ပြီး​ ​မောင်သစ်မင်း​၏ ​ကျော်ကြား​သော သီချင်း​တော်​တော်များ​များ​လည်း​ ပါဝင်ခဲ့​ပါတယ်။ တေး​ရေး​ဆရာ ​မောင်သစ်မင်း​ ကွယ်လွန်သွား​တာနဲ့​ ပတ်သက်ပြီး​ ​တေး​ရေး​သုခမိန်လှိုင်က အခုလို့​ အမှတ်တရ စကား​ပြောပါတယ်။ “ဧရာဝတီမြစ်ကြီး​က​တော့​ ဆက်စီး​နေမယ်၊​ တ​ယောက်ပြီး​ တ​ယောက်ကို ဆက်ပြီး​ ထား​နေဦး​မှာပဲ၊​ ဒါ​ပေမယ့်​ ဦး​တို့​ အခု ​ရောက်တဲ့​အသက်နဲ့​ ဖြတ်သန်း​လာရတဲ့​ နှစ်​တွေအရ ဧရာဝတီမြစ်ကြီး​က ကိုယ့်​ကို ထား​မသွား​ခင် အသက်ရှိ​နေ​သေး​တဲ့​သူ​တွေ​ပေါ့​၊​ အနုပညာရှင်​တွေက အ​လေး​အ​ပေါ့​သာ ကွာချင်ကွာမယ် ​ခေါင်း​ထဲမှာ​တော့​ ရှိမှာပဲ၊​ ကိုယ်အား​မရဘူး​၊​ မ​ကျေနပ်ဘူး​ဆိုရင်​တောင်မှ ကိုယ်လုပ်နိုင်သ​လောက် လုပ်ခဲ့​ကြဖို့​ ဒါပဲ ​ခေါင်း​ထဲမှာ ​ရောက်လာပါတယ်။ “​ခေါင်း​ထဲမှာ ပထမဆုံး​ ​ရောက်လာတဲ့​ သီချင်း​က​တော့​ တ​ယောက်ထဲလား​ ​မေး​တော့​ ကိုယ်တ​ယောက်ထဲပါ ဆို​တော့​ ​လော​လောဆယ်​တော့​ သူတ​ယောက်တည်း​ပဲ သွား​ရပြီလို့​ ​တွေး​ရပြီ​ပေါ့​။ ဒါ​ပေမယ့်​ နား​လည်ခံစား​ရတာက သူက တ​ယောက်တည်း​ မဟုတ်ဘူး​၊​ အများ​အတွက် လုပ်တဲ့​သူ​တွေက ဘယ်​တော့​မှ တ​ယောက်တည်း​ သွား​ရတာမျိုး​ မဟုတ်ဘူး​ဆိုတာ စိတ်ထဲမှာ ရသွား​တယ်​လေ။ တကယ်တမ်း​ ​မောင်သစ်မင်း​ဆိုတာ ကဗျာဆရာ၊​ စာ​ရေး​ဆရာ၊​ သီချင်း​ရေး​ ဆရာ​ပေါ့​၊​ ​မောင်သစ်မင်း​ စတာက ကဗျာဆရာနဲ့​ စတာပဲ​လေ။”
မောင်သစ်မင်း​ဟာ ဇွန်လ ၆ ရက်​နေ့​မှာ အသက် ၅၈ နှစ်ပြည့်​မှာ ဖြစ်တဲ့​အတွက် ​မွေး​နေ့​မတိုင်ခင် တရက်အလိုမှာ ကွယ်လွန်သွား​တာလည်း​ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up