Home
မြန်မာသတင်း
ဖားကန့် တွင် တောင်ကျရေကြောင့် ကျေးရွာ ၃ ခု ရေဘေးကြုံတွေ့
နော်နိုရင်း
·
July 24, 2015
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းမော်ဒေသမှာ တောင်ကျရေကြောင့် ရုတ်တရက်ရေကြီးမှုဖြစ်ပြီး ရွာ ၃ ရွာလောက် ရေဘေးကြုံတွေ့နေရပါတယ်။ မိုးသည်းထန်းစွာ ရွာသွန်းပြီး တောင်ကျရေကြောင့် ဖားကန့်မြို့ရဲ့ တောင်ဘက်မှာရှိတဲ့ ဆိတ်မူ၊ ရွာဟောင်းနဲ့ နန့်မော် ရွာတွေမှာဇူလိုင် ၂၃ ရက်နေ့ နေ့လယ်လောက်ကစပြီး ညအထိ ရုတ်တရက် ရေကြီးမှု ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိမှာ ရေကျသွားပေမယ့် ရေကပါလာတဲ့ နွံတွေကြောင့် ရွာသားတွေ အခက် အခဲကြုံတွေ့နေရတယ်လို့ ဆိတ်မူဒေသခံ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးခင်မောင်က ပြောပါတယ်။ “ရေကြီးတာ မနေ့က ၁၂ နာရီကနေကြီးတာ ည ၉ နာရီခွဲမှာ ကျသွားတယ်။ လူအသေအပျောက်တော့ မရှိဘူး။ ဒါပေမယ့် ဗွက်တောကြီးဖြစ်တော့တယ်။ တရွာလုံး ဗွက်တန်းကြီး ဖြစ်သွားတယ်။ အခုက စည်ပင်ရယ်၊ တပ်ရယ် လူမှုရေးအသင်းတွေရယ် ကူပြီးတော့ လုပ်နေတယ်။” ဖားကန့်ဒေသဟော မိုးတွင်းကာလရောက်ရင် နှစ်စဉ်လိုလိုတောင်ကျရေကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024