A d v e r t i s e m e n t With Us

မြန်မာ့ အပြောင်းအလဲ ဆွေးနွေးပွဲ ထိုင်းနိုင်ငံ ချင်းမိုင်တွင် ကျင်းပ

မြန်မာ့အပြောင်းအလဲ - အဆက်အစပ်၊ အပြောင်းအလဲနဲ့ စိန်ခေါ်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်က ဦးစီးပြီး ဇူလိုင် ၂၄-၂၆ ရက်အထိ ကျင်းပနေပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ လူမှုရေး၊ သဘာဝတ်ပန်းဝန်းကျင်၊ စီးပွားရေး အပြောင်းအလဲတွေကို နက်နက်နည်းနည်း ပိုမိုနားလည်ဖို့အတွက် မြန်မာအရေးနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေကို ခေါ်ယူဆွေးနွေးတာလို့ ဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်တခုက ဆိုပါတယ်။ ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေး၊ ခရီးသွားလုပ်ငန်း၊ မီဒီယာ၊ သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှု၊ ကျန်းမာရေး၊ တိုင်းရင်းသားအရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်၊ ဖြစ်ပွားနေတဲ့ လယ်ယာမြေသိမ်း ပြဿနာတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒါအပြင်  မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်မှန် ရုပ်သံဇာတ်လမ်း၊ ဓာတ်ပုံတွေကိုလည်း ပြသသွားမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒေါက်တာ အောင်ထွန်းသက် စတဲ့ မြန်မာ့ ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ မြန်မာ့တက်ကြွလှုပ်ရှားသူတွေ၊ လူထုအခြေပြုအဖွဲ့က တာဝန်ရှိသူတွေအပါအ၀င် အောက်စ်ဖိုဒ်တက္ကသိုလ်လို အနောက်နိုင်ငံက ပါမောက္ခတွေ၊ ဟောင်ကောင် စင်ကာပူနိုင်ငံတွေက ပါမောက္ခတွေနဲ့ မြန်မာ့အရေး စိတ်ဝင်စားသူ ၃၀၀ နီးပါး ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - လင်းဆက်အောင်  

A d v e r t i s e m e n t With Us

More News
Up