အိန္ဒိယ စာသင်ကျောင်းတခုတွင် ကျားသစ် ၀င်ရောက်သောင်းကျန်း (ရုပ်သံ)

2.2K
အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတကာပြည်နယ်မှာ ဇူလိုင် ၂၃ ရက်နေ့က စာသင်ကျောင်းတခုထဲ ကျားသစ်တကောင် ၀င်ရောက်သောင်းကျန်းခဲ့လို့ ကျောင်းသူကျောင်းသားတွေနဲ့ ဒေသခံတွေ စိုးရိမ်အထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။
ကျားသစ်ဝင်နေတဲ့ အခန်းတံခါးကို အတင်းပိတ်ဖို့ ကြိုးစားခဲ့သူတဦး လက်မှာ ဒဏ်ရာရရှိခဲ့ပါတယ်။
အခင်းဖြစ်ဖြစ်ချင်း ဒေသခံရဲတပ်ဖွဲ့ဝင်တွေ ကျောင်းကိုရောက်လာကြပြီး ကျောင်းကိုလည်း ပိတ်လိုက်ရပါတယ်။
ကျားသစ်ကို မေ့ဆေးသေနတ်နဲ့ပစ်ပြီး ဖမ်းဆီးခဲ့တယ်လို့ ဒေသခံ အာဏာပိုင်တွေက ဆိုခဲ့ကြပါတယ်။