A d v e r t i s e m e n t With Us

ကွင်းအတွင်းမှ စကြာတံဆိပ်ကြောင့် ခရိုအေးရှားအသင်း အမှတ်နုတ်ခံရ

ဓာတ်ပုံ - အေအက်ဖ်ပီ
၂၀၁၆ ယူရို ခြေစစ်ပွဲ အုပ်စု ဇ က အီတလီနဲ့ ပွဲမကစားခင် ကွင်းအတွင်းမှာ နာဇီ စကြာတံဆိပ်ကို ခြယ်ထားတဲ့အတွက် ခရိုအေးရှားအသင်း ၁ မှတ် အနုတ်ခံရပါတယ်။ ဒါ့အပြင် ခရိုအေးရှား ဘောလုံးအဖွဲ့ချုပ်က ပေါင် ၇ သောင်း ဒဏ်ငွေဆောင်ရမှာ ဖြစ်သလို လာမယ့် ၂ ပွဲကိုလည်း ပရိသတ်မပါဘဲ ကစားရမှာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ အဖျက်အမှောင့်လုပ်ရပ်ဖြစ်ပြီး အယူခံဝင်နိုင်တယ်လို့ ခရိုအေးရှား ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။ အမှတ်တမှတ် အနုတ်ခံရပေမယ့် ခရိုအေးရှား အသင်းက အုပ်စု ဇ မှာ ဦးဆောင်နေပါတယ်။ ၂၀၁၆ ပြင်သစ်မှာ ကစားမယ့် ဥရောပဖလား ဘောလုံးပြိုင်ပွဲအတွက် အုပ်စု တခုစီက ထိပ်ဆုံးအသင်း ၂ သင်း ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up