A d v e r t i s e m e n t With Us

တိုင်းပြည်အတွက် ပိုပြီးစိုးရိမ်စရာကောင်းလာတဲ့ တရုတ်-မြန်မာ ဆက်ဆံရေး

ခုတ​ခေါက် သမ္မတ ဦး​သိန်း​စိန် ဦး​ဆောင်တဲ့​ မြန်မာအစိုး​ရကိုယ်စား​လှယ်အဖွဲ့​ တရုတ်ပြည်ကို ၃ ရက်တာခရီး​ သွား​ရောက်ခဲ့​ပြီး​နောက် ​လေသံ ​ပြောင်း​လာပါတယ်။ အရင်က တရုတ်-မြန်မာ ဆက်ဆံ​ရေး​ကို ​ဆွေမျိုး​ပေါက်​ဖော် ဆက်ဆံ​ရေး​လို့​ သုံး​နှုန်း​ခဲ့​ရာက​နေ ခု​တော့​ မဟာဗျူဟာ​မြောက် ဆက်ဆံ​ရေး​ဆိုပြီး​ ဦး​သိန်း​စိန်က ​ခေါ်​ဝေါ်သုံး​စွဲပါတယ်။ တရုတ်သမ္မတ က​တော့​ ဘာမှ မ​ပြောပါဘူး​။ တရုတ်-မြန်မာ ဆက်ဆံ​ရေး​မှာ လက်ရှိ ဘယ်အ​ခြေအ​နေ ​ရောက်​နေသလဲ၊​ မြန်မာအစိုး​ရက ဒီလို ဘာလို့​ သုံး​နှုန်း​ပြောဆိုသလဲ။ ​နောက် အဲဒီ အကျိုး​ဆက်က ဘာ​တွေဖြစ်လာနိုင်သလဲ ဆိုတာ ခုတပတ် ​ဆွေး​နွေး​ တင်ပြသွား​မယ် ဖြစ်ပါတယ်။ အား​လုံး​သိတဲ့​အတိုင်း​ ခုနှစ်ပိုင်း​အတွင်း​မှာ မြန်မာနိုင်ငံအတွက် တရုတ်ဟာ အကြီး​ဆုံး​ ရင်း​နှီး​မြှုပ်နှံသူ၊​ ထိုင်း​ကို ဂက်စ်​ရောင်း​တဲ့​ ကိစ္စ ဖယ်လိုက်ရင် အကြီး​ဆုံး​ ကုန်သွယ်ဖက်နိုင်ငံလည်း​ ဖြစ်လာပါတယ်။ အရင်က တရုတ်ပြည်ဟာ နယ်စပ်​တွေက​နေ တဆင့်​ မြန်မာနိုင်ငံအတွင်း​ကို ​ဈေး​ပေါတဲ့​ စား​သုံး​ကုန်၊​ လူသုံး​ကုန်၊​ ​ဆေး​ဝါး​၊​ ဓာတ်​မြေဩဇာ၊​ ပိုး​သတ်​ဆေး​၊​ အထည်အလိပ်​တွေ တင်သွင်း​ပါတယ်။ အစိုး​ရဆီကို​တော့​ ​ခေတ်​နောက်ကျ​နေတဲ့​ စက်ရုံ​တွေ၊​ တံတား​သံ​ပေါင် အ​ဟောင်း​တွေ၊​ ရထား​တွဲအ​ဟောင်း​တွေ စသဖြင့်​ ​ရောင်း​ချပါတယ်။ အဲဒီ​လောက်ပါပဲ။ ​ယေဘူယျ ​ပြောရရင် အဲဒီ တရုတ်ဘက်က ​ဈေး​ပေါ​ပေါနဲ့​ ဝင်လာတဲ့​ ကုန်ပစ္စည်း​တွေဟာ မြန်မာနိုင်ငံ အ​ရှေ့​တောင်ပိုင်း​ ထိုင်း​နိုင်ငံနဲ့​ စင်ကာပူ ဘက်က ဝင်လာတဲ့​ ကုန်ပစ္စည်း​တွေကို မယှဉ်ပြိုင်နိုင်ပါဘူး​။ ဒါ​ပေမယ့်​ ​နောက်ပိုင်း​ စစ်အစိုး​ရက ဒုတိယ အကြီး​ဆုံး​ နယ်စပ်ဂိတ်ဖြစ်တဲ့​ မြဝတီ-မဲ​ဆောက်ဂိတ်ကို ပိတ်လိုက်​တော့​ ထိုင်း​ကုန်စည်​တွေ ဝင်ရ ခက်ခဲသွား​ပါတယ်။ ဒီအတွက် တရုတ်ကုန်စည်​တွေဟာ မြန်မာနိုင်ငံတစ်ဝှမ်း​ ပြိုင်ဘက်မရှိ လွတ်လွတ်လပ်လပ်ကြီး​ကို စီး​ဝင်ပါ​တော့​တယ်။ တရုတ်ကုန်ပစ္စည်း​တွေ ဝင်တာ ဒီ​လောက်ပဲလား​ဆို​တော့​ မက​သေး​ပါဘူး​။ အစိုး​ရပိုင်း​ကလည်း​ အများ​အပြား​ဝယ်တာ ရှိလာပါတယ်။ တရုတ်ဆီက​နေ ​လေယာဉ်ပျံ၊​ ​သောင်တူး​သ​င်္ဘောကအစ ဝယ်ပါတယ်။ တဆက်တည်း​ ဒီနှစ်ပိုင်း​ အစိုး​ရချင်း​ သ​ဘောတူညီချက်နဲ့​ တရုတ်နိုင်ငံဟာ ဧရာဝတီမြစ်ဖျား​ပိုင်း​နဲ့​ မြစ်ဆုံမှာ အလွန်ကြီး​မား​တဲ့​ ​ရေအား​လျှပ်စစ် စီမံကိန်း​ကြီး​တွေ လုပ်ကိုင်​နေပါတယ်။ ကျောက်ဖြူမှာ ​ရေနက်ဆိပ်ကမ်း​ တည်​ဆောက်ပြီး​ ​ရေနံတင်သ​င်္ဘောကြီး​တွေ ဆိုက်ကပ်နိုင်​အောင်၊​ အ​ရှေ့​အလယ်ပိုင်း​ကလာတဲ့​ တရုတ်​ရေနံတင်သ​င်္ဘော​တွေ ​ကျောက်ဖြူက​နေတဆင့်​ ပိုက်လိုင်း​နဲ့​ ယူနန်ပြည်နယ်ထဲ ​ရေနံတင်ပို့​နိုင်​အောင်၊​ ရခိုင်ကမ်း​လွန်က ထွက်တဲ့​ သဘာဝဓာတ်​ငွေ့​တွေကို ပိုက်လိုင်း​ကတဆင့်​ ယူနန်ပြည်နယ်ထဲ တင်ပို့​နိုင်​အောင် စတဲ့​ စီမံကိန်း​ကြီး​တွေ အ​ကောင်အထည် ​ဖော်​နေပါတယ်။ အဲဒီ စီမံကိန်း​ကြီး​တွေကို တရုတ်တာဝန်ရှိသူ​တွေ အလွယ်တကူ ကြီး​ကြပ်နိုင်​အောင် ဂက်စ်နဲ့​ ​ရေနံပိုက်လိုင်း​ လမ်း​ကြောင်း​တ​လျောက် ရခိုင်ပြည်နယ်က​နေ ယူနန်ပြည်နယ်အထိ ​ပေါက်မယ့်​ ရထား​လမ်း​ ကား​လမ်း​တွေကိုလည်း​ ​ဖောက်လုပ်​နေပါတယ်။ ​နောက်ပိုင်း​ လိုအပ်လာရင် အဲဒီ ​ရေနက်ဆိပ်ကမ်း​တွေ၊​ ​ရေကာတာ​တွေ၊​ ရထား​လမ်း​ ကား​လမ်း​တွေကို လုံခြုံ​ရေး​ယူဖို့​ တရုတ် စစ်အကြံ​ပေး​တွေ​တောင် မြန်မာပြည်ထဲ ​ရောက်လာနိုင်ပါတယ်။ ဒီ ရင်း​နှီး​မြှုပ်နှံမှု​တွေ စီမံကိန်း​ရောင်း​ချမှု​တွေထဲမှာ တရုတ်​တွေကိုယ်တိုင် လုပ်ကိုင်တာ​တွေ ရှိသလို မြန်မာအစိုး​ရကို ​ငွေ​ချေး​စာချုပ်ချုပ်ပြီး​ ပစ္စည်း​နဲ့​ အတတ်ပညာ ​ပေး​သွင်း​တာမျိုး​လည်း​ ရှိ​နေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် တရုတ်အကျိုး​စီး​ပွား​ အများ​အပြား​ မြန်မာနိုင်ငံထဲ ​ရောက်​နေတာ ​သေချာသ​လောက် ရှိ​နေပါပြီ။ ဒီအတွက် မြန်မာနိုင်ငံသား​တွေ ဘာများ​ ရကြပါသလဲ။ တရုတ်​တွေဟာ သူတို့​ရဲ့​ စီမံကိန်း​တွေနဲ့​ ပတ်သက်ရင် သူတို့​ ပစ္စည်း​တွေနဲ့​ သူတို့​လာပါတယ်။ ကျွမ်း​ကျင်သူ​တွေဆိုရင်လည်း​ သူတို့​ ချည်း​ပါပဲ။ နယ်စပ်ခြင်း​ ထိစပ်​နေတဲ့​ စီမံကိန်း​တွေမှာဆိုရင် ​အောက်​ခြေ အလုပ်ကြမ်း​သမား​ကအစ ဆံပင်ညှပ် အဝတ်​လျော်၊​ ​ဈေး​ရောင်း​တဲ့​သူ​တွေအဆုံး​ အား​လုံး​ တရုတ်​တွေပဲ ဝင်​ရောက်လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ သူတို့​အတွက် ​ဝေး​လံ​ခေါင်ဖျား​တဲ့​ ရခိုင်ပြည်နယ်လို ​နေရာမျိုး​မှာမှ ​အောက်​ခြေ ​ကျောက်သယ်၊​ သဲသယ် အလုပ်ကြမ်း​မျိုး​ ​ဒေသခံ ရခိုင်တိုင်း​ရင်း​သား​တွေကို ခိုင်း​စေကြတာ ဖြစ်ပါတယ်။ ​ပြောရရင် အရင် စစ်အစိုး​ရ ဒါမှမဟုတ် လက်ရှိ ဦး​သိန်း​စိန် အစိုး​ရနဲ့​ ပတ်သက်ဆက်စပ်​နေတဲ့​ လုပ်ငန်း​ရှင်သူ​ဌေး​ကြီး​တွေရဲ့​ ကုမ္ပဏီတချို့​ကို လက်​ဝေခံ အလုပ်အနည်း​ငယ် ​ပေး​တာကလွဲရင် ကျန် မြန်မာနိုင်ငံသား​တွေက​တော့​ ဘာအကျိုး​ကျေး​ဇူး​မှ မခံစား​ရပါဘူး​။ အကျိုး​မခံစား​ရ​ပေမယ့်​ အဆိုး​ခံစား​ရမှာ​တွေက​တော့​ ရှိလာ​နေပါတယ်။ အဲဒါ​တွေက​တော့​ လက်ရှိ မြန်မာနိုင်ငံသား​တွေတင်မက ​နောင်မျိုး​ဆက်​တွေအထိတိုင် ခံစား​ရမယ့်​ ဆိုး​ကျိုး​တွေပါ။ ဥပမာ ဧရာဝတီမြစ်ဖျား​ပိုင်း​မှာ ​ရေကာတာကြီး​တွေ တည်​ဆောက်တဲ့​ ကိစ္စမျိုး​ပါ။ ဒီ တည်​ဆောက်စရိတ်​တွေအား​လုံး​ကို တရုတ်ပြည်က စိုက်ထား​ပေမယ့်​ ​နောင် မြန်မာအစိုး​ရက ပြန်ဆပ်ရမှာပါ။ ဘယ်​ငွေနဲ့​ ပြန်ဆပ်ရမလဲဆို အဲဒီကထွက်တဲ့​ လျှပ်စစ်ဓာတ်အား​တွေ တရုတ်ပြည်ပို့​ပြီး​ ရတဲ့​ငွေ​တွေနဲ့​ ပြန်ဆပ်ရမှာ ဖြစ်ပါတယ်။ ​ရေကာတာ​တွေ​ဆောက်လို့​ ဖြစ်လာမယ့်​ ဆိုး​ကျိုး​တွေ၊​ သဘာဝ​ဘေး​အန္တရာယ် ကပ်​ဘေး​တွေကို​တော့​ ​နောင်လာ​နောက်သား​တွေ ခံစား​ကြရမယ် ဖြစ်ပါတယ်။ ​နောက်တချက်က ​နေပြည်​တော်​လေဆိပ်လို တိုင်း​ပြည်အတွက် အကျိုး​မများ​တဲ့​ စီမံကိန်း​ ​ချေး​ငွေ​တွေကိစ္စပါ။ ဒါ​တွေကိုလည်း​ ​နောက်ပိုင်း​ တရုတ်ပြည်ကို မြန်မာပြည်က​နေ ဂက်စ် ​ရောင်း​လို့​ရတဲ့​ ​ငွေ​တွေက​နေ ပြန်နှိမ်တာ ခံရမှာပါ။ ဒါ​တွေက စီး​ပွား​ရေး​ဆိုင်ရာကိစ္စ​တွေမှာ ဖြစ်ပျက်​နေတာ​တွေပါ။ အခြား​နိုင်ငံ​ရေး​ လူမှု​ရေး​မှာလည်း​ အကျိုး​ဆက်​တွေ ဖြစ်​ပေါ်​နေတာ ​တွေ့​နေရပါပြီ။ အား​လုံး​သိကြတဲ့​အတိုင်း​ အရင် စစ်အစိုး​ရ လက်ထက်ကတည်း​က လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေကို အ​ခြေပြုပြီး​ အ​မေရိကန်နဲ့​ အ​နောက်နိုင်ငံ​တွေက စီး​ပွား​ရေး​အရ အ​ရေး​ယူဒဏ်ခတ် ပိတ်ဆို့​ထား​တာ​တွေ ရှိပါတယ်။ ဒါ​တွေကို အရင်စစ်အစိုး​ရလက်ထက်ကတည်း​က ဂရုမစိုက်ခဲ့​သလို လက်ရှိ ဦး​သိန်း​စိန် အစိုး​ရက​တော့​ ပိုပြီး​ မထီမဲ့​မြင်ပြုမယ့်​ပုံ ​ပေါ်လွင်​နေပါတယ်။ လက်ရှိ အစိုး​ရဟာ နိုင်ငံတွင်း​မှာ လူ့​အခွင့်​အ​ရေး​ ​လေး​စား​ဖို့​ ဒီမိုက​ရေစီအခွင့်​အ​ရေး​တွေ​ပေး​ဖို့​ အမျိုး​သား​ ပြည်လည်သင့်​မြတ်​ရေး​ ဖြစ်​ပေါ်လာဖို့​ လုပ်မယ့်​အစား​ တရုတ်ပြည်နဲ့​ နက်နက်ရှိုင်း​ရှိုင်း​ ဆက်ဆံ၊​ တရုတ်အကျိုး​စီး​ပွား​တွေ မြန်မာပြည်ထဲမှာ ဖြစ်ထွန်း​ခွင့်​ပေး​ပြီး​ အကာအကွယ် ယူမယ့်​ အ​နေအထား​တွေ ​တွေ့​နေရပါတယ်။ လူမှု​ရေး​ပိုင်း​မှာ ဆိုရင်လည်း​ ဆင်း​ရဲတဲ့​ ကချင်ပြည်နယ်နဲ့​ ရှမ်း​ပြည်အ​ရှေ့​ပိုင်း​က တိုင်း​ရင်း​သူ အ​တော်များ​များ​ တရုတ်ပြည်ထဲ လူ​မှောင်ခို ကုန်ကူး​ရောင်း​စား​ခံရမှု​တွေ ရှိ​နေပါပြီ။ ဒါ​တွေဟာ ကချင်ပြည်နယ်မှာ တရုတ်စီမံကိန်း​ကြီး​တွေ စ၊​ တရုတ်လူမျိုး​တွေ ​သောင်း​နဲ့​ချီ ဝင်​ရောက်လာပြီး​မှ ပိုမိုဆိုး​ရွား​လာတဲ့​ ပြဿနာ​တွေ ဖြစ်ပါတယ်။ မန္တ​လေး​ အိမ်ခြံ​မြေတိုက်တာ အ​တော်များ​များ​ တရုတ်​တွေလက်ထဲ ​ရောက်​နေနှင့်​ပြီး​ ဖြစ်သလို ရန်ကုန်မှာလည်း​ အိမ်ခြံ​မြေ တိုက်တာ ပိုင်ဆိုင်ဖို့​ ကြိုး​ပမ်း​လာတာ​တွေလည်း​ ရှိ​နေပါပြီ။ အရင် စစ်အစိုး​ရအဆက်ဆက်ဟာ သူတို့​နဲ့​ အဆင်မ​ပြေတဲ့​ အ​နောက်နိုင်ငံ​တွေကို ကိုလိုနီလက်သစ်​တွေ ဆိုပြီး​ ​ခေါ်​ဝေါ် သမုတ်​လေ့​ ရှိပါတယ်။ လက်ရှိ တရုတ်မြန်မာ ဆက်ဆံ​ရေး​ အ​ခြေအ​နေမှာ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့​ မဟာဗျူဟာ​မြောက် ဆက်ဆံ​ရေး​အဆင့်​ ရှိတဲ့​ နိုင်ငံဆိုတာထက် တရုတ် ကိုလိုနီနယ်ပယ်တခုအဖြစ် ပိုပိုပြီး​ ရုပ်လုံး​ပေါ်လာတာကိုသာ မြင်​နေရပါ​ကြောင်း​ တင်ပြလိုက်ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up