ရော်နယ်ဒိုကို ပြန်ခေါ်ရန် မန်ယူ ဆန္ဒရှိ

ဓာတ်ပုံ - ရိုက်တာ
2.8K
အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက် အသင်းက စပိန်လာလီဂါ ရီးရဲလ်မက်ဒရစ်မှာ ကစားနေတဲ့ ခရစ္စတီယာနို ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။
လာမယ့် ဘောလုံးရာသီမှာ ဖလားရယူနိုင်ဖို့အတွက် ပြင်ဆင်နေတဲ့ အချိန်မှာ အခုလို ပစ်မှတ်ထားလာတာလို့ ဗြိတိန် မန်ချက်စတာ ညနေခင်း သတင်းက ရေးပါတယ်။
ရီးရဲလ်အသင်းကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ နဲ့ ပြောင်းရွှေ့သွားတဲ့ ရော်နယ်ဒိုကို ကလပ် စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
နည်းပြ ဒေးဗစ်မိုးယေးလက်ထက် ၂၀၁၃ ခုနှစ် ဘောလုံးသမား အပြောင်းအရွှေ့ ကာလမှာ ခေါ်ယူဖို့ မန်ယူက စီစဉ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုက ရီးရဲလ်နဲ့ ၂၀၁၈ ခုနှစ် အထိ သက်တမ်းရှိတဲ့ စာချုပ်ကို လတ်မှတ်ထိုးလိုက်ပါတယ်။
မန်ယူက လက်ရှိအချိန်ထိ ဒီပေး၊ မက်သီယို ဒါမီယန်၊ ရှဝိန်းစတိုင်ဂါနဲ့ ရှနိုက်ဒါလင်းတို့ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။