ရွှေ့ပြောင်းနေထိုင်သူ ၂၀၀၀ ခန့် ကယ်ဆယ်ခဲ့ရကြောင်း အီတလီ ပြော (ရုပ်သံ)

1.3K
အီတလီ ကမ်းရိုးတန်းစောင့်တပ်က ကျန်ခဲ့တဲ့ ၂၄ နာရီအတွင်း ပင်လယ်ကနေ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၂၀၀၀ လောက်ကို ကယ်ခဲ့တယ်လို့ ဇူလိုင် ၂၃ ရက်နေ့က ပြောပါတယ်။
ဇူလိုင် ၂၂ ရက်နေ့က ကယ်ဆယ်ရေးဆိုင်ရာ စစ်ဆင်ရေး ၈ ကြိမ်ကို အီတလီကမ်းရိုးတန်းစောင့်တပ်၊ ရေတပ်သင်္ဘောတွေ၊ ဂျာမနီရေတပ်၊ မော်လ်တာနဲ့ ဆွီဒင် ကမ်းရိုးတန်းစောင့် သင်္ဘောတွေက ဆောင်ရွက်ခဲ့တာပါ။
ဇန်နဝါရီကနေ ဇူလိုင်လအတွင်း အာဖရိကနဲ့ အရှေ့အလယ်ပိုင်းတို့က စစ်ပွဲတွေ၊ ဆင်းရဲမွဲတေမှုတွေကနေ ထွက်ပြေးလာပြီး ဥရောပကို ပင်လယ်ဖြတ်ကူး ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၁ သိန်းခွဲ ရှိခဲ့တယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အသင်းက ဆိုပါတယ်။
သူတို့ထဲက အများစုဟာ ဥပဒေစိုးမိုးမှု ကင်းမဲ့နေတဲ့ လစ်ဗျားနိုင်ငံကနေ ကျဉ်းမြောင်းတဲ့ ပင်လယ်ရေလက်ကြားကို ဖြတ်ကူးပြီး အီတလီနဲ့ ဂရိနိုင်ငံတွေဆီ လာခဲ့ကြတာ ဖြစ်ပါတယ်။