A d v e r t i s e m e n t With Us

လက်မှတ်မရှိသည့် မြန်မာအလုပ်သမားအများအပြား ဖမ်းဆီးခံရ

ထိုင်း​-မြန်မာနယ်စပ် တာ့​ခ်ခရိုင်ထဲမှာရှိတဲ့​ မဲ​ဆောက်၊​ မယ်လမ၊​ ဖုတ်ဖရ၊​ ထ​ဆောင်ရန်း​၊​ တာ့​ စတဲ့​ မြို့​နယ်​တွေမှာ အထူး​ရဲ​တွေက အလုပ်သမား​လက်မှတ်မရှိသူ​တွေကို ဖမ်း​ဆီး​မှု​တွေ ပြုလုပ်​နေတယ်လို့​ မြန်မာအလုပ်သမား​တဦး​က ​ပြောပါတယ်။ “ကျ​နော်တို့​ ဖုတ်ဖရနယ် ၄၂၊​ ၄၄ အဲဒီဘက်မှာဆိုရင် ကျ​နော်တို့​ အလုပ်သမား​တွေ မနက် ၅ နာရီခွဲ ၆ နာရီ​လောက်ဆိုရင် အလုပ်သမား​တွေက ​မျှော့​သူ​ဌေး​တွေက​နေ ပြီး​တော့​ ကား​နဲ့​ ​ခေါ်​ဆောင်တယ်။ အလုပ်ခင်း​ကို သွား​တယ်။ လမ်း​ဆုံလမ်း​ကွေ့​တွေ ​ရောက်လို့​ရှိရင် ဒီရက်ပိုင်း​ တပတ်အ​တောအတွင်း​မှာ ကျ​နော်တို့​ အထူး​ရဲ​တွေလို့​ ထင်တယ် သူတို့​ ဖမ်း​ဆီး​တယ်​ပေါ့​နော်။ ည​နေပိုင်း​ ၅ နာရီ အလုပ်သိမ်း​တဲ့​အချိန်ကျရင်လည်း​ အဲဒီလိုပဲ ည​နေပိုင်း​ တချက် သူတို့​ဖမ်း​ကြတယ်။ တ​နေ့​ကို အ​ယောက် ၁၅၀ ​လောက် အနည်း​ဆုံး​ပါတယ်။” အလုပ်သမား​လက်မှတ်​တွေကို လာမယ့်​ ဇွန်လ ၁၅ ရက်​နေ့​က​နေ ဇူလိုင် ၁၄ ရက်အတွင်း​ စတင်လုပ်​ပေး​မယ့်​အချိန်မှာ အလုပ်သမား​တွေကို မဖမ်း​ဖို့​ ရဲအား​လုံး​ကို မှာထား​ပေမယ့်​ မဲ​ဆောက်မှာ​တော့​ ဖမ်း​ဆီး​မှု ​နေ့​တိုင်း​ ရှိ​နေပါတယ်။ အလုပ်သမား​လက်မှတ်ပြုလုပ်မယ့်​သူ​တွေဟာ အဲဒီကာလမှာ အလုပ်သမား​ငှား​ရမ်း​ခွင့်​ရရှိထား​တဲ့​ အလုပ်ရှင်မှ တာဝန်ခံပြီး​ ဖြစ်တဲ့​အတွက် အလုပ်သမား​တ​ယောက်အ​နေနဲ့​ ဖမ်း​မိတဲ့​အခါ အာမခံဖို့​ အလုပ်ရှင် ရှိ​နေရမှာဖြစ်ပါတယ်။ အလုပ်ရှင်မရှိတဲ့​ ပြင်ပအလုပ်သမား​တွေကို အဓိက ဖမ်း​ဆီး​တာလို့​ မြန်မာပြည်သား​များ​အ​ရေး​ ပူး​တွဲလှုပ်ရှား​မှု ​ကော်မတီရဲ့​ တာဝန်ခံ ဦး​မိုး​ကြိုး​က ​ပြောပါတယ်။ “တာ့​ခ်ခရိုင်တခုလုံး​မှာ​တော့​ စက်ရုံလုပ် အလုပ်သမား​ တသိန်း​ဂဏန်း​တောင် မရှိပါဘူး​။ အများ​ဆုံး​က​တော့​ သိန်း​နဲ့​ချီပြီး​ ရှိတာက​တော့​ ကျ​နော်တို့​ အပြင်အလုပ်သမား​လို့​ ဆိုကြတဲ့​ ​ဆောက်လုပ်​ရေး​တို့​၊​ ​မွေး​မြူ​ရေး​တို့​၊​ စိုက်ပျိုး​ရေး​တို့​၊​ အိမ်တွင်း​မှုတို့​၊​ ကျပန်း​အလုပ်သမား​တွေက ပိုမိုများ​ပြား​ပါတယ်။ အဲဒီကျပန်း​ အလုပ်သမား​တွေက အလုပ်ရှင် မယ်မယ်ရရ အတိအကျ မရှိဘူး​ခင်ဗျ။ အဲဒီအတွက် သူတို့​ကို ဘယ်အလုပ်ရှင်ကမှ မိမိအလုပ်သမား​ဖြစ်ပါတယ်ဆိုတဲ့​အ​ကြောင်း​ အာမခံမှု မရှိတဲ့​အခါကျ​တော့​ သူတို့​မှာ အခုလိုမျိုး​ အထူး​စီမံချက်နဲ့​ ဖမ်း​ဆီး​တဲ့​ကာလ အထူး​ရဲနဲ့​ ဖမ်း​ဆီး​တဲ့​အချိန်မှာ သူတို့​ အများ​ဆုံး​ အဖမ်း​ခံရတာ ဖြစ်ပါတယ်။ သူတို့​ကို အဓိက ဖမ်း​တာ ဖြစ်ပါတယ်။” လက်မှတ်လုပ်​ပေး​မယ်သတင်း​ကြား​ပြီး​ လာ​ရောက်သူ​တွေအ​နေနဲ့​ အလုပ်ရှင် မရှိရင် အဖမ်း​ခံရမှာဖြစ်​ကြောင်း​နဲ့​ အခု မဲ​ဆောက်မှာ ဖမ်း​ဆီး​နေတာကလည်း​ အလုပ်သမား​လက်မှတ်ပြုလုပ်ကြဖို့​ တွန်း​အား​ပေး​နေတာ ဖြစ်တယ်လို့​ ဦး​မိုး​ကြိုး​က ​ပြောပါတယ်။ ထိုင်း​နိုင်ငံအတွင်း​ ​ရွှေ့​ပြောင်း​အလုပ်သမား​တွေထဲမှာ ၉၀ ရာနှုန်း​က မြန်မာ အလုပ်သမား​တွေဖြစ်ကာ အလုပ်သမား​လက်မှတ်မပြုလုပ်ကြ​သေး​တဲ့​ တရား​မဝင် ​ရွှေ့​ပြောင်း​အလုပ်သမား​တွေထဲမှာလည်း​ မြန်မာက အများ​ဆုံး​ရှိ​နေတယ်လို့​ မဲ​ဆောက် အလုပ်သမား​အ​ရေး​လှုပ်ရှား​နေကြတဲ့​ အဖွဲ့​အစည်း​တွေက ခန့်​မှန်း​ထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up