A d v e r t i s e m e n t With Us

ကျွန်းလှတွင် မိုးရက်ဆက်ရွာမှုကြောင့် ဆည်ရေတိုး၊ စိုက်ခင်းအချို့ပျက်စီး (ဓာတ်ပုံ)

ကျွန်းလှမြို့နဲ့ ၁၀ မိုင်အကွာမှာရှိတဲ့ မင်းမြင်ဆည်မှာ ဇူလိုင် ၁၇ ရက်က ၁၉ ရက်ထိ မိုးရွာသွန်းမှုကြောင့် ဆည်ကို ရေကျော်သွားခဲ့ပြီး ဆည်အောက်ဘက်မှာရှိတဲ့ ကျေးရွာတချို့ လယ်ယာစိုက်ခင်းတွေ ပျက်စီးခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ ရေလွှမ်းမိုးတဲ့ နေရာကို သမ္မတ ဦးသိန်းစိန် လာကြည့်ခဲ့ပြီး မင်းမြင်ဆည်ကို ငါးပေထပ်မြှင့်ဖို့ ညွှန်ကြားခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ အခုအခါမှာတော့ ဒေသခံတွေ မိမိတို့ နေအိမ်မှာ ပြန်လည်နေထိုင်နေကြပါပြီ။ သတင်းဓာတ်ပုံ - အိမ်ခိုင်မြဲ  

A d v e r t i s e m e n t With Us

More News
Up