A d v e r t i s e m e n t With Us

အဆိုးတကာ့အဆိုးဆုံး ၁၀ နိုင်ငံတွင် မြန်မာပါဝင်

ကမ္ဘာ​ပေါ်က အဆိုး​တကာ့​အဆိုး​ဆုံး​ နိုင်ငံများ​စာရင်း​မှာ မြန်မာ၊​ ​မြောက်ကိုရီး​ယား​နဲ့​ လစ်ဗျား​နိုင်ငံတို့​ ပါဝင်တယ်လို့​ ကမ္ဘာတလွှား​လွတ်လပ်မှုအ​ကြောင်း​ သု​တေသနပြုတဲ့​ Freedom House အဖွဲ့​က ဆိုပါတယ်။ ဖိနှိပ်မှုဆိုး​ဆိုး​ရွား​ရွား​ခံ​နေရတဲ့​ တခြား​ ဘဝတူပြည်သူ​တွေက​တော့​ အာရှက တရုတ်လက်​အောက်ခံ တိဘက်၊​ အာဖရိက အီ​ကွေတိုး​ရီး​ယား​ဂီနီ၊​ အီရီထရီး​ယား​၊​ ဆိုမား​လီး​ယား​၊​ ဆူဒမ်၊​ အ​ရှေ့​အလယ်ပိုင်း​က ဥဇဘက်ကစ္စတန်က ပြည်သူ​တွေ ဖြစ်တယ်လို့​ အ​မေရိကန်အ​ခြေစိုက် အဲဒီသု​တေသနအဖွဲ့​ရဲ့​ ဇွန်လ ၁ ရက်​နေ့​ ထုတ် အစီရင်ခံစာမှာ ​ဖော်ပြထား​ပါတယ်။ ဒီ ၁၀ နိုင်ငံက ပြည်သူ​တွေရဲ့​ နိုင်ငံ​ရေး​လွတ်လပ်မှု၊​ အရပ်သား​အခွင့်​အ​ရေး​ အ​ခြေအ​နေဟာ ဖရီး​ဒမ်း​ဟောက်အဖွဲ့​ရဲ့​ အနိမ့်​ဆုံး​အဆင့်​သတ်မှတ်ချက်ဖြစ်တဲ့​ အဆင့်​ ၇ ဖြစ်တယ်လို့​ဆိုပါတယ်။ လူ​တွေရဲ့​ ​နေ့​စဉ်ဘဝ​တွေကို အစိုး​ရက ထိန်း​ချုပ်ထား​ပြီး​ နိုင်ငံ​ရေး​ အတိုက်အခံ​တွေကို ပိတ်ပင်တာ၊​ သို့​မဟုတ် ဖိနှိပ်ထား​တာက အစ၊​ လူ​တွေရဲ့​ လွတ်လပ်စွာ ​တွေး​ခေါ်ခွင့်​အဆုံး​၊​ အစစအရာရာမှာ အ​ကြောက်တရား​နဲ့​ ထိန်း​ချုပ် ထား​တယ်လို့​ ဆိုပါတယ်။ ဒီအစီရင်ခံစာဟာ Freedom House မလွတ်လပ်တဲ့​ နိုင်ငံ​တွေအ​ကြောင်း​ အထူး​အစီရင်ခံစာဖြစ်ပြီး​ ပြီး​ခဲ့​တဲ့​နှစ်က အ​ခြေအ​နေ​တွေအ​ပေါ် သုံး​သပ်ထား​တာ ဖြစ်ပါတယ်။ မြန်မာပြည်နဲ့​ပတ်သက်လို့​ အ​သေး​စိတ် အစီခံချက်မှာ​တော့​ ပြီး​ခဲ့​တဲ့​နှစ်က ​ရွေး​ကောက်ပွဲလုပ်ခဲ့​ပြီး​ လွှတ်​တော်​တွေ၊​ သမ္မတ​တွေ ​ပေါ်ခဲ့​ပေမယ့်​လည်း​ ၂၀၀၈ ဖွဲ့​စည်း​ပုံအရ ​နေရာတကာမှာ စစ်တပ်က ဆက်လက်ကြီး​စိုး​ထား​ပြီး​ ပြည်​ထောင်စု ပြိုကွဲမယ်လို့​ သူတို့​ဘာသာ ယူဆတဲ့​အချိန်မှာ စစ်တပ်ကို အာဏာသိမ်း​ခွင့်​ ပြုထား​တယ်လို့​ ​ဖော်ပြထား​ပါတယ်။ ဒါ့​အပြင် တရား​ဥပ​ဒေမဏ္ဍိုင် မလွတ်လပ်တာ၊​ မီဒီယာလွတ်လပ်ခွင့်​မရှိတာ၊​ သတင်း​ထောက်​တွေကို ​ထောင်ချထား​တာ၊​ တိုင်း​ရင်း​သား​ဒေသ​တွေမှာလည်း​ စစ်တပ်ဟာ တရား​လက်လွတ် ဖမ်း​ဆီး​တာ၊​ ရိုက်နှက်၊​ မုဒိမ်း​ကျင့်​၊​ သတ်ပစ်တာ​တွေကိုလည်း​ ​ဖော်ပြထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up