A d v e r t i s e m e n t With Us

လူမှုရေးသမားများကို အနှောင့်အယှက်မပေးရန် ဦးကျော်သူ ဆွေးနွေး

အစိုး​ရသစ် အ​နေနဲ့​ လူမှု​ရေး​သမား​တွေကို အား​မ​ပေး​ရင်​တောင်မှ အ​နှောင့်​အယှက်မ​ပေး​ဖို့​ ကိစ္စကို အ​မေရိကန်အထက်လွှတ်​တော်အမတ် ဂျွန်မက်ကိန်း​နဲ့​ ​တွေ့​ဆုံစဉ်မှာ ​ဆွေး​နွေး​ခဲ့​တယ်လို့​ နာ​ရေး​ကူညီမှုအသင်း​ရဲ့​ ဥက္ကဋ္ဌ ဦး​ကျော်သူက ​ပြောပါတယ်။ ဒီ​နေ့​ မနက်ပိုင်း​ နာ​ရေး​ကူညီမှုအသင်း​ (ရန်ကုန်) မှာ အ​မေရိကန် အထက်လွှတ်​တော်အမတ် ဂျွန်မက်ကိန်း​နဲ့​ ​ဆွေး​နွေး​ဖြစ်တဲ့​အ​ကြောင်း​ကို ဦး​ကျော်သူက အခုလို ​ပြောပါတယ်။ “ကျ​နော် ​ဆွေး​နွေး​တာက နိုင်ငံ​တော်အစိုး​ရသစ်အ​နေနဲ့​ ကျ​နော်တို့​ ဒီလူမှု​ရေး​သမား​တွေကို အား​မ​ပေး​ရင်​တောင်မှ အ​နှောင့်​အယှက် မ​ပေး​ဖို့​ ဆိုပြီး​တော့​ ကျ​နော် ဒီတခု ကျ​နော် ​ပြောလိုက်တယ်။ ဘာဖြစ်လို့​လဲဆိုရင် ကျ​နော်တို့​က နိုင်ငံ​တော် အစိုး​ရသစ်အ​နေနဲ့​ ​ပေါ်လစီ​ပြောင်း​ပြီး​တော့​ လုပ်တဲ့​အပိုင်း​မှာ သူတို့​ ဒီဟာ​တွေပါ ​ပြောင်း​မှ ရမယ်။ ​ပြောင်း​မှ ရမယ်ဆိုတာက ဥပမာ ကျ​နော်တို့​ ပြည်က သုခကုသိုလ်ဖြစ် ​ဆေး​ခန်း​ဖွင့်​မယ် ဖွင့်​မယ်ဟာကို လိုက်ပြီး​မေး​မြန်း​ စစ်​ဆေး​တာ​တွေက နည်း​နည်း​ လွန်လွန်း​အား​ကြီး​တယ်။ လွန်လွန်း​အား​ကြီး​တဲ့​အတွက် ဟိုမှာလုပ်တဲ့​ လူမှု​ရေး​သမား​တွေ ​ဆေး​ခန်း​ဖွင့်​ပေး​မယ့်​ လူမှု​ရေး​သမား​တွေ​ရော၊​ ​ဆေး​ခန်း​မှာ လာ​ရောက် အခမဲ့​ ကုသ​ပေး​ကြမယ့်​ ဆရာဝန်​တွေပါ တချို့​က ​တော်​တော် ​ကြောက်ကုန်တယ်။ သူတို့​ လိုက်ပြီး​တော့​ ​မေး​မြန်း​စစ်​ဆေး​တာ​တွေ လုပ်​တော့​ တချို့​ ​ဆေး​ခန်း​ကို​တောင် ​ဆေး​လာကုမ​ပေး​တော့​ဘူး​ဆိုတဲ့​ ဆရာဝန်မျိုး​တွေ ထွက်လား​တယ်။ အဲဒီ​တော့​ ဒါမျိုး​တွေက​တော့​ မလုပ်သင့်​ဘူး​။ ဘာ​ကြောင့်​လဲဆိုရင် ကျ​နော်တို့​က အများ​ပြည်သူအတွက် တဖက်တလမ်း​ က​နေပြီး​တော့​ ​ပေး​ဆပ်​နေရတာ။ ဒီဟာကို​တော့​ နည်း​နည်း​လေး​ အ​နှောင့်​အယှက် မ​ပေး​ဘဲနဲ့​ အကူအညီမ​ပေး​ရင်​တောင်မှ အ​နှောင့်​အယှက်မ​ပေး​ဖို့​ ကျ​နော် အဲဒါ​လေး​ ​ပြောခဲ့​တယ်။” မြန်မာပြည်ကို စ​ရောက်တဲ့​ မ​နေ့​တုန်း​က ​နေပြည်​တော်ကို သွား​ခဲ့​တဲ့​ ဂျွန်မက်ကိန်း​က ရန်ကုန်ကို ​ရောက်လာ​တော့​မှ မြန်မာပြည်ရဲ့​ တကယ့်​ အ​ခြေအ​နေမှန်ကို သိခဲ့​ရတဲ့​အ​ကြောင်း​ ​ပြောခဲ့​တယ်လို့​လည်း​ ဦး​ကျော်သူက ​ပြောပါတယ်။ ဂျွန်မက်ကိန်း​နဲ့​တွေ့​တဲ့​အတွက် အား​တက်မိ​ပေမယ့်​၊​ ထူး​ခြား​မှု ရှိမရှိဆိုတာက​တော့​ အစိုး​ရ​ပေါ်မှာပဲ မူတည်​နေတယ်လို့​ ဦး​ကျော်သူက ဆိုပါတယ်။ “ဒီလို လာ ​တွေ့​ဆုံခွင့်​ရတာက ကျ​နော်တို့​အတွက် အင်တန်ကို တန်ဖိုး​ရှိပါတယ်။ အား​ဆေး​တခွက် ​သောက်ရသလိုပါပဲ။ ဂျွန်မက်ကိန်း​နဲ့​ စကား​ပြောလိုက်ရတဲ့​အတွက် တကယ့်​ အား​ဆေး​တခွက်လို ဖြစ်ပါတယ်။ သူက ကျ​နော်တို့​ မြန်မာပြည်သူလူထုကို စာနာ​ထောက်ထား​တဲ့​ စိတ်လည်း​ ရှိတယ်။ ပြီး​တော့​ သူ့​ပုံစကြည့်​ရတာ ရဲရင့်​တယ်၊​ ပြတ်သား​တယ်၊​ လူသား​ချင်း​ စာနာစိတ်ရှိတယ်ဆိုတာကို ​ပေါ်လွင်ပါတယ်။ ကျ​နော်တို့​က​တော့​ ရင်ထဲရှိတဲဟာကို ကျ​နော်တို့​ ဖွင့်​ချ​ပေး​ လိုက်တယ်။ စိတ်က​တော့​ နည်း​နည်း​လေး​တော့​ ​ပေါ့​သွား​တာ​ပေါ့​။ ဒီဟာကို အ​ကောင်အထည်​ဖော်ဖို့​ ဆိုတာက​တော့​ နိုင်ငံ​တော်အစိုး​ အ​ပေါ်မှာပဲ မူတည်ပါတယ်။” ဦး​ကျော်သူရဲ့​ နာ​ရေး​ကူညီမှုအသင်း​ဟာ ရန်ကုန်နှင့်​ မြန်မာပြည် မြို့​ကြီး​၊​ မြို့​ငယ် အ​တော်များ​များ​မှာ အခမဲ့​နာ​ရေး​ကူညီမှု လုပ်ငန်း​တွေလုပ်​နေတဲ့​ အပြင်၊​ သုခကုသိုလ်ဖြစ်​ဆေး​ခန်း​၊​ က​လေး​တွေအတွက် အင်္ဂလိပ်စာသင်တန်း​၊​ ​စေတနာ့​ ဝန်ထမ်း​ လုပ်သား​ သင်တန်း​တွေကိုလည်း​ တိုး​ချဲ့​လုပ်ကိုင်​နေတာ ဖြစ်ပါတယ်။ ဂျွန်မက်ကိန်း​ဟာ နာ​ရေး​ကူညီမှုအသင်း​ရန်ကုန်ကို မသွား​ခင်မှာ ​တောင်ဒဂုံမှာရှိတဲ့​ မဖြူဖြူသင်း​ ဦး​ဆောင်ဖွင့်​လှစ်ထား​တဲ့​ HIV- ​ဝေဒနာသည်​တွေကို ​စောင့်​ရှောက်ထား​တဲ့​ ​ဂေဟာကိုလည်း​ သွား​ရောက်ခဲ့​ပါတယ်။ မဖြူဖြူသင်း​က မြန်မာတနိုင်ငံလုံး​မှာ ဒီနှစ်ပိုင်း​တွေအတွင်း​ HIV- ​ဝေဒနာ ကူး​စက်မှု များ​လာသ​လောက်၊​ ​ဆေး​ဝါး​တွေက မ​လောက်မင ဖြစ်​နေတဲ့​အ​ကြောင်း​၊​ ​ဆေး​ဝါး​နဲ့​ ပညာ​ပေး​မှု လုပ်ငန်း​တွေအတွက် အကူအညီ​တွေ လိုအပ်​နေတာကို ​ပြောပြခဲ့​တယ်လို့​ ဆိုပါတယ်။ “သူတို့​က အဓိက​တော့​ သူ​ပြောတာ ည​နေ အန်တီနဲ့​ ​တွေ့​ဖို့​ရှိတယ်။ အဲဒီကျလို့​ ရှိရင် သူ ညှိနှိုင်း​စာရာရှိတာ​တွေ ညှိနှိုင်း​မယ်လို့​ ​ပြောတယ်။ ​နောက်ချက်က​တော့​ သူ ဟို​ရောက်သွား​တဲ့​အခါကျလို့​ရှိရင်လည်း​ ဒီမှာမြင်သွား​တာ​တွေ ​တွေ့​သွား​တာ​တွေ အခက်အခဲ​တွေ အ​ပေါ်မှာ သူ ​ပြောပြ​ပေး​မယ်​ပေါ့​နော်။ ​ပြောရမယ်ဆိုရင် ၂၀၀၂ က​နေစပြီး​ ကျမတို့​ လုပ်ကိုင်​ဆောင်ရွက်​နေတဲ့​ ဒီအချိန်ထိက​တော့​ တခါမှ ​အေး​အေး​ဆေး​ဆေး​ လုပ်ကိုင်စား​ရတာ မရှိဘူး​။ အခက်အခဲ​တွေ၊​ ဖိအား​ပေး​မှု​တွေ အများ​ကြီး​ထဲက​နေ လုပ်ကိုင်​နေရတာ။ ဒါ သူတို့​လည်း​သိတယ်။ ကျမတို့​ ဒီကိစ္စနဲ့​ ပတ်သက်ပြီး​ သူ​ကောင်း​ကောင်း​ နား​လည်​နေတယ်။ အဲဒီ​တော့​ အခု လက်ရှိအ​ခြေအ​နေက​တော့​ ​နှောင့်​ယှက်မှုလည်း​ မရှိဘူး​၊​ အကူအညီ​ပေး​မှုလည်း​ လုံး​မရှိဘူး​ပေါ့​နော်။ အဲဒါကို​တော့​ ​ပြေပြလိုက်တယ်။” တောင်ဒဂုံက HIV- လူနာ​ဂေဟာမှာ ​လော​လောဆယ်မှာ လူနာ ၁၂၀ ရှိ​နေတာဖြစ်ပါတယ်။ ရီပါပလီဂင် ပါတီမှာ ဩဇာကြီး​တဲ့​ ဂျွန်မတ်ကိန်း​ဟာ မြန်မာဒီမိုက​ရေစီအ​ရေး​ကို ပြတ်ပြတ်သား​သား​ ​ထောက်ခံသူ စစ်အစိုး​ရကိုလည်း​ ပြင်း​ပြင်း​ထန်ထန်​ဝေဖန်တတ်သူဖြစ်ပါတယ်။ မြန်မာပြည်ကို မလာခင်မှာ တရက်မှာ ထိုင်း​မြန်မာနယ်စပ်က မြန်မာ ဒုက္ခသည်စခန်း​၊​ ​ဒေါက်တာ စင်သီယာ ​မောင်ရဲ့​ ​ဆေး​ခန်း​တို့​ကို သွား​ရောက်ခဲ့​ပြီး​ နယ်စပ်က မြန်မာ ဒီမိုက​ရေစီ အင်အား​စု​တွေနဲ့​လည်း​ ​တွေ့​ဆုံခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up