A d v e r t i s e m e n t With Us

ဗီလာတိုက်စစ်မှူး ဘန်တီကီကို လီဗာပူး ခေါ်

ဓာတ်ပုံ - ရိုက်တာ
အက်စတွန်ဗီလာ တိုက်စစ်မှူး ခရစ်ရှန် ဘန်တီကီကို ပေါင် ၃၂ ဒသမ ၅ သန်းနဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုခဲ့ကြောင်း လီဗာပူးအသင်းက ကြေညာခဲ့ပါတယ်။ လီဗာပူးအသင်းရဲ့ အခုနှစ် နွေရာသီ ၇ ယောက်မြောက်ခေါ်ခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် ဘန်တီကီဟာ အက်စတွန်ဗီလာအသင်းမှာ ၈၈ ပွဲကစားပြီး ၄၂ ဂိုး သွင်းယူပေးထားနိုင်ပါတယ်။ သူဟာ ၂၀၁၂ ခုနှစ်က ဘယ်ဂျီယံကလပ် ဂျန့်ခ် (GENK) အသင်းကနေ ပေါင် ၇ သန်းဝန်းကျင်နဲ့ အက်စတွန်ဗီလာကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဘယ်ဂျီယံ လက်ရွေးစင်အသင်းကြီးအတွက် ၂၀၁၀ ခုနှစ်မှာ စတင်ကစားပေးခဲ့ပြီး ၂၄ ပွဲ ကစား ၇ ဂိုး သွင်းပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up