အိုင်ဝေေ၀ နိုင်ငံကူးလက်မှတ် တရုတ်အစိုးရ ပြန်ထုတ်ပေး

အတိုက်အခံ အနုပညာရှင် အိုင်ဝေေ၀ရဲ့ နိုင်ငံကူးလက်မှတ်ကို တရုတ်အစိုးရက ၄ နှစ်ကြာ ရုပ်သိမ်းထားပြီး ဇူလိုင် ၂၂ ရက်နေ့မှာ ပြန်ထုတ်ပေးတယ်လို့ အိုင်ဝေေ၀က ပြောပါတယ်။
အိုင်ဝေေ၀ကို ၂၀၁၁ ခုနှစ်က ၈၁ ရက်ကြာ ရုံးမတင်ဘဲ ထိန်းသိမ်းခဲ့စဉ် သူ့ရဲ့ နိုင်ငံကူးလက်မှတ်စာအုပ်ကို တရုတ်အစိုးရက ရုပ်သိမ်းခဲ့တာပါ။
သူ့ရဲ့စာအုပ်ပြန်ရပြီး ပထမဆုံးသွားမယ့် နိုင်ငံကတော့ သားဖြစ်သူ ရှိနေတဲ့ ဂျာမနီနိုင်ငံ ဖြစ်တယ်လို့ အိုင်ဝေေ၀က ပြောပါတယ်။
စာအုပ်ပြန်ရလို့ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်နဲ့ သွားရောက်ခွင့် ရရှိပြီဖြစ်ပေမယ့် သွားရောက်မယ့် နိုင်ငံတွေက ဗီဇာပေး၊ မပေးအပေါ် မူတည်သေးတယ်လို့ အိုင်ဝေေ၀က ပြောပါတယ်။
စာအုပ်ကို ပြန်ပေးတဲ့အခါမှာ ထိန်းချုပ်ကန့်သတ်မှုတွေ မရှိဘဲ ထုတ်ပေးလိုက်တာကြောင့် စိတ်သက်သာတယ်လို့ ပြောပါတယ်။
၂၀၁၁ ခုနှစ် သူ့ကို ဖမ်းဆီးခဲ့တုန်းက တရားဝင်အိမ်ထောင်ရှိလျက်နဲ့ နောက်အိမ်ထောင်ပြုမှု၊ အခွန်ရှောင်မှု စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပေမယ့် ၈၁ ရက်အကြာမှာ ရုံးတင်ခြင်းမရှိဘဲ အာဏာပိုင်တွေက ပြန်လွှတ်ပေးခဲ့တာပါ။
အိုင်ဝေေ၀ ဖမ်းဆီးခံရတဲ့ အဲဒီအချိန်တုန်းက ကမ္ဘာတ၀န်း အနုပညာရှင်တွေ စုပေါင်းပြီး အိုင်ဝေေ၀ ပြန်လည်လွတ်မြောက်ရေး နိုင်ငံတကာလှုပ်ရှားမှုနဲ့ တောင်းဆိုခဲ့ကြပါတယ်။
အခွန်ရှောင်မှုအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ သန်း ဒဏ်တပ်ခံခဲ့ရပေမယ့် သူ့အပေါ် စွပ်စွဲချက်တွေနဲ့ ဒဏ်တပ်မှုတွေဟာ တရုတ်အစိုးရကို ပြောင်ပြောင်တင်းတင်း ပြစ်တင်ဝေဖန်လို့ အကြောင်းရှာ၊ အပြစ်ရှာ နှိပ်ကွပ်တာလို့ အိုင်ဝေေ၀က ပြောပါတယ်။