အသည်းတခုတည်းပါ ဗိုက်ချင်းဆက် အမြွှာ အိန္ဒိယတွင် မွေးဖွား (ရုပ်သံ)

၂ ယောက်ပေါင်း အသည်းတခုပဲရှိတဲ့ ဗိုက်ချင်းဆက် ယောက်ျားလေးအမြွှာကို အိန္ဒိယနိုင်ငံ အနောက်ပိုင်း ရာဂျပ်စ်သန်ပြည်နယ်မှာ မွေးခဲ့ပါတယ်။ ဗိုက်ချင်းဆက်နေတဲ့ အမြွှာညီအစ်ကိုကို ဂျိုဒ်ပါမြို့က အူမိတ်ဆေးရုံမှာ ဇွန် ၃၀ ရက်နေ့က မွေးခဲ့တာဖြစ်ပြီး ဒေါက်တာ အိုပီ ရှာမာက ကလေးတွေရဲ့ အခြေအနေကို ဇူလိုင် ၂၁ ရက်နေ့က ရှင်းပြခဲ့ပါတယ်။ “ဒါဟာ အင်မတန် ရှားတဲ့ ပုံမမှန်မှု တခုပဲ။ သူတို့ရဲ့ နှလုံးက ပုံမှန်ပဲ၊ အသည်းက တခုတည်းကို ၂ ယောက် မျှဝေထားရတယ် တယောက်က ဘယ်ဘက် အသည်းလုံး အဖု တခုရှိနေပြီး နောက်တယောက်က ညဘက် အသည်းဖုကို ရထားတယ်။” ယောက်ျားလေး ၂ ယောက်ကို လိုအပ်တဲ့ ခွဲစိတ်မှုတွေ လုပ်ဖို့ အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ သိန်းခွဲကျော်နဲ့ ညီမျှတဲ့ အိန္ဒိယ ရူပီးငွေ ၁ သန်း လိုအပ်တယ်လို့ ခန့်မှန်းထားပါတယ်။ အမြွှာ၂ ယောက်ကို ခွဲစိတ်ဖို့ ဒေသခံဆေးရုံက မြို့တော် နယူးဒေလီမှာရှိတဲ့ အစိုးရပိုင် ဆေးရုံဆီ လွှဲပေးခဲ့ပြီးပါပြီ။ ဗိုက်ချင်းဆက် အမြွှာတွေဟာ ကလေးမွေးမှု ၂ သိန်းမှာ ၁ ယောက်နှုန်း ဖြစ်ပွားလေ့ ရှိတယ်လို့ မေရီလန်း ဆေးတက္ကသိုလ်က ဆိုပါတယ်။ ဗိုက်ချင်းဆက်အမြွှာ ၄၀ ကနေ ၆၀ ရာခိုင်နှုန်းကတော့ အရှင်မွေးလေ့ရှိပြီး သူတို့ထဲက ၃၅ ရခိုင်နှုန်းကတော့ ၁ ရက်သာ အသက်ရှင်တယ်လို့ ဆိုပါတယ်။ အမြွှာတွေ သေဆုံးနှုန်းဟာ ဘယ်လိုအင်္ဂါ အစိတ်အပိုင်းတွေကို မျှဝေထားသလဲ ဆိုတာပေါ် မူတည်ပြီး ကွဲပြားခြားနားလေ့ ရှိပါတယ်။ ဒါပေမယ့် ဗိုက်ချင်းဆက်အမြွှာ ပျမ်းမျှ အသက်ရှင်နှုန်း ကတော့ ၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းသာ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up