A d v e r t i s e m e n t With Us

ဒီကေဘီအေတပ် အဝေးပြေးလမ်းပေါ်တွင် ငွေကြေးကောက်ခံ

အ​ဝေး​ပြေး​လမ်း​ပေါ် ​ငွေ​ကြေး​ကောက်ခံတာဟာ ​တော်လှန်ရေး​အတွက် လိုအပ်တဲ့​ အရာ​တွေ အသုံး​ပြုဖို့​ ဖြစ်တယ်လို့​ နယ်ခြား​စောင့်​တပ်အသွင်​ပြောင်း​ဖို့​ ငြင်း​ဆန်ခဲ့​တဲ့​ ဗိုလ်မှူး​ချုပ် နှုတ်ခမ်း​မွေး​ ဦး​ဆောင်တဲ့​ ဒီ​ကေဘီ​အေတပ်က ​ပြောဆိုလိုက်ပါတယ်။ မြဝတီ-​ကော့​ကရိတ်အ​ဝေး​ပြေး​လမ်း​မ​ပေါ်မှာ ဒီ​ကေဘီ​အေ စစ်ဗျူဟာ ၁ ရဲ့​ ဗျူဟာမှူး​ ဗိုလ်မှူး​ကြီး​ကျော်သက်ဦး​ဆောင်တဲ့​ အဖွဲ့​ဟာ မ​နေ့​ ​နေ့​ခင်း​ပိုင်း​လောက်က မြဝတီနဲ့​ ​ကော့​ကရိတ် ကား​လမ်း​ပေါ်က ရန်ကုတ်ရွာအနီး​မှာ ခရီး​သွား​ပြည်သူ​တွေနဲ့​ စီး​ပွား​ရေး​လုပ်ငန်း​ရှင်​တွေဆီက ​ငွေ​ကြေး​ကောက်ခံခဲ့​ပါတယ်။ ဒီလို​ကောက်ခံတာဟာ ​တော်လှန်​ရေး​ရန်ပုံ​ငွေအတွက် ​ကောက်ခံတာလို့​ ဒီ​ကေဘီ စစ်ဗျူဟာ ၁ လက်​အောက်ခံ အမှတ် ၉၀၇ တပ်ရင်း​မှ ဒု-ရင်း​မှူး​ ​ကော်ဒိုစိုး​က ​ပြောပါတယ်။ “ကျ​နော်တို့​ ခြိမ်း​ခြောက်တာတို့​၊​ ရိုက်တာတို့​ မလုပ်ခဲ့​ပါဘူး​။ သူတို့​ နား​လည် သ​ဘော​ပေါက်​အောင် ​ပြောပြတယ်။ ပြီး​တော့​ ဒီ​ငွေ​တွေကိုလည်း​ ကျ​နော်တို့​ လိုအပ်တာ ဖြည့်​တယ်၊​ လက်နက်ခဲယမ်း​ ကျည်ဆန်​တွေ ဝယ်ဖို့​။ ဒါက အခြား​အ​ထောက်အကူ​တွေ မရလို့​ ကျ​နော်တို့​ ပြည်သူလူထုနဲ့​ပဲ ပူး​ပေါင်း​ပြီး​တော့​ တဖက်တလမ်း​က​နေ ကူညီ​ထောက်ပံ့​ဖို့​ သူတို့​ နား​လည်​အောင် ကျ​နော်တို့​ ​ပြောပြတာပဲ။ ကျ​နော်တို့​ ဆက်​ကြေး​ကောက်တာ​တော့​ မဟုတ်ပါဘူး​။ ဆက်​ကြေး​ကောက်တယ်ဆိုတာ သူပုန်​ပေါ့​ဗျာ။ သူပုန်​တော့​ ကျ​နော်တို့​ အဖြစ်မခံ​သေး​ပါဘူး​။ ကျ​နော်တို့​လည်း​ နိုင်ငံ​ရေး​သမား​ပါပဲ။ ကျ​နော်တို့​ အား​နဲ့​ ကျ​နော်တို့​ မလုပ်နိုင်ပါဘူး​။ ပြည်သူလူထုက တနည်း​တလမ်း​နဲ့​ ကူညီ​ပေါ့​နော် ကျ​နော်တို့​ အဲဒါ အကူအညီ​တောင်း​တာပါ။” ဒီလို​ကောက်ယူရာမှာ ကား​တစီး​ကို ကျပ်​ငွေတသိန်း​နဲ့​ ဆိုင်ကယ်တစီး​ကို တ​သောင်း​ ​ကောက်ခံတာဖြစ်​ပေမယ့်​ ခရီး​သွား​ပြည်သူ​တွေဆီက​နေ မ​ကောက်ဘူး​လို့​ ​ပြောပါတယ်။ “လူ​တွေ မ​တောင်း​ပါဘူး​။ ကား​တွေ ဆိုင်ကယ်​တွေပဲ​တောင်း​တယ်။ ဆိုင်ကယ်အသစ် ဝစ်​သောက်ဘီး​တွေ ကျ​နော်တို့​တစီး​ တ​သောင်း​တောင်း​တယ်။ အစီး​တိုင်း​မရပါဘူး​။ ၅ ​ထောင်​ပေး​တဲ့​လူ၊​ ၃ ​ထောင်​ပေး​တဲ့​လူလည်း​ ရှိတယ်။ ကျ​နော်တို့​ မငြင်း​ပယ်ပါဘူး​။ ” မြဝတီမြို့​ခံ စီး​ပွား​ရေး​လုပ်း​ရှင်တဦး​က​တော့​ သူ့​အ​နေနဲ့​ငွေမ​ပေး​ရင် ခရီး​ဆက်မရတာ​ကြောင့်​ ​ပေး​ရတယ်လို့​ ​ပြောပါတယ်။ “​တောင်း​တယ်ဆိုတာ ဆယ်ဘီး​ တစ်ဆယ့်​နှစ်ဘီး​ဆိုရင် ၃ သိန်း​လား​မသိဘူး​ ​ပေး​ရတယ်။ ဟိုင်း​လတ်​တွေ ဘာ​တွေကျ​တော့​ ၄ ​သောင်း​ ၅ ​သောင်း​ ဒီ​လောက်ပါပဲ။ သူတို့​က ​ပေး​မှပဲ ဒီကား​တွေက သွား​လို့​ ရမှာကိုး​။ မဟုတ်ရင် ယာဉ်​ကြောပိတ်​နေတာ။ ယာဉ်​ကြောပိတ်​နေ​တော့​ အများ​နည်း​တူ ​ပေး​ရတာ​ပေါ့​။” မ​နေ့​က ဒီလို ​ငွေ​ကြေး​ကောက်ခံ​နေချိန်မှာလည်း​ အစိုး​ရတပ်ဘက်က လက်နက်ကြီး​တွေနဲ့​လှမ်း​ပစ်ခတ်မှုရှိခဲ့​ပေမယ့်​ လူထု​တွေကြား​ မကျ​ရောက်ဘူး​လို့​ စီး​ပွား​ရေး​လုပ်ငန်း​ရှင်က ​ပြောပါတယ်။ ဗိုလ်မှူး​ချုပ်နှုတ်ခမ်း​မွေး​ ဦး​ဆောင်တဲ့​ ဒီ​ကေဘီ​အေတပ်ဖွဲ့​ဝင်​တွေဟာ နယ်ခြား​စောင့်​တပ်အသွင်​ပြောင်း​ဖို့​ ငြင်း​ဆိုထား​ပြီး​ မနှစ် နိုဝင်ဘာ ​ရွေး​ကောက်ပွဲ​နေ့​မှာ အစိုး​ရကို ပြန်လည်တိုက်ခိုက်မှု စတင်ပြုလုပ်ခဲ့​ပါတယ်။ အဲဒီအချိန်ကတည်း​ကစပြီး​ ကရင်ပြည်နယ်အတွင်း​ အစိုး​ရတပ်နဲ့​ ဒီ​ကေဘီ​အေ တပ်ဖွဲ့​ဝင်​တွေအကြား​ အခုချိန်အထိ တိုက်ပွဲ​တွေ ကြိုး​ကြား​ကြိုး​ကြား​ ဖြစ်ပွား​နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up