လိဒ်စ်နှင့် ဖရန့်ဖတ်စ်တို့ ခြေစမ်းပွဲ ပရိသတ် ခိုက်ရန်ဖြစ်ပွား (ရုပ်သံ)

အင်္ဂလန်ကလပ် လိဒ်စ်နဲ့ ဂျာမနီကလပ် ဖရန့်ဖတ်စ်တို့ ရာသီအကြို ချစ်ကြည်ရေး ခြေစမ်းပွဲအဖြစ် သြစတြီးယားနိုင်ငံမှာ ယှဉ်ပြိုင်ကစားကြရာ နှစ်ဘက်ပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့အတွက် လူ ၆ ဦး ဆေးရုံတင်ထားရပြီး ၂၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။ ဇူလိုင် ၂၁ ရက်နေ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဂျာမန်ကလပ် ဖရန့်ဖတ်စ်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတဲ့ပွဲမှာ ပွဲသိမ်းခရာမှုတ်ပြီးချိန် နှစ်ဘက်ပရိသတ်တွေ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ခဲ့ကြပြီး ကိုယ်ထိလက်ရောက် ထိုးကြိတ်ကန်ကျောက်တာတွေ ဖြစ်ပွားခဲ့တာပါ။ ဖရန့်ဖတ်စ်ပရိသတ်တွေက လိဒ်စ်အသင်းအလံကို ဆွဲယူလွှင့်ပစ်ခဲ့ရာက ပြဿ နာ စတင်ခဲ့တာလို့ လိဒ်စ်ပရိသတ်တဦးက သတင်းသမားတွေကို ပြောပါတယ်။ ဒဏ်ရာရသူတွေထဲမှာ လုံခြုံရေးဝန်ထမ်း ၂ ဦးနဲ့ အင်္ဂလိပ်ပရိသတ် ၃ ဦး ပါဝင်တယ်လို့ သိရပါတယ်။ အဖမ်းခံထားရသူတွေထဲမှာ ဘယ်အသင်းက ဘယ်နှစ်ယောက်ဆိုတာတော့ သတင်းမထုတ်ပြန်သေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up