A d v e r t i s e m e n t With Us

စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းပေးရန် နိုင်ငံရေးပါတီအချို့ တောင်းဆို

အ​မေရိကန်အစိုး​ရအ​နေနဲ့​ မြန်မာနိုင်ငံအ​ပေါ် စီး​ပွား​ရေး​ပိတ်ဆို့​ ဒဏ်ခတ်ထား​တွေကို ရုပ်သိမ်း​ပေး​ဖို့​ ​ရွေး​ကောက်ပွဲဝင် နိုင်ငံ​ရေး​ပါတီ​တွေက ​တောင်း​ဆိုလိုက်ပါတယ်။ မြန်မာပြည်​ရောက်​နေတဲ့​ အ​မေရိကန် အထက်လွှတ်​တော်အမတ် ဂျွန်မက်ကိန်း​နဲ့​ ဒီ​နေ့​ မွန်း​တည့်​မှာ ၂၀၁၀ ​ရွေး​ကောက်ပွဲဝင် နိုင်ငံ​ရေး​ပါတီ​တွေ ​တွေ့​ဆုံ​ဆွေး​နွေး​စဉ်မှာ အခုလို ​တောင်း​ဆိုလိုက်တာ ဖြစ်ပါတယ်။ မစ္စတာ ဂျွန်မက်ကိန်း​နဲ့​ အန်ဒီအက်ဖ် အမျိုး​သား​ဒီမိုက​ရေစီအင်အား​စုပါတီ၊​ ဒီမိုကရက်တစ်ပါတီ-မြန်မာ၊​ တစည-တိုင်း​ရင်း​သား​စည်း​လုံး​ညီညွတ်​ရေး​ပါတီ စတဲ့​ ပါတီ​တွေအပြင် ချင်း​၊​ ရခိုင်၊​ ကမန်၊​ ကရင် စတဲ့​ တိုင်း​ရင်း​သား​ပါတီ​တွေ အပါအဝင် ပါတီ​တွေက ​ခေါင်း​ဆောင်​တွေအပြင် ခရစ်ယာန်ဘုန်း​တော်ကြီး​တပါး​နဲ့​လည်း​ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ပါတယ်။ အဲဒီလို​တွေ့​ဆုံရာမှာ ပါဝင်တဲ့​ အန်ဒီအက်ဖ်ပါတီ ​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ဦး​ခင်​မောင်​ဆွေက​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ဆက်လွှတ်​ရေး​ သမ္မတ ဦး​သိန်း​စိန်ဆီ စာ​ရေး​တောင်း​ဆိုထား​တဲ့​အ​ကြောင်း​နဲ့​ မြန်မာအ​ပေါ် အ​မေရိကန်က စီး​ပွား​ရေး​ပိတ်ဆို့​ထား​တာကို ရုပ်သိမ်း​ရေး​ကိစ္စ ​ပြောကြား​လိုက်ပါတယ်လို့​ ​ပြောပါတယ်။ “စီး​ပွား​ရေး​ပိတ်ဆို့​တယ်ဆိုတာဟာ နိုင်ငံသား​တွေရဲ့​ စီး​ပွား​ရေး​၊​ နိုင်ငံ​ရေး​အခွင့်​အ​ရေး​တွေကို ဟန့်​တား​ပိတ်ပင်ရာ ​ရောက်​နေတယ်။ အဲဒါဟာ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်တာနဲ့​ မတူဘူး​လား​။ ကိုယ့်​အစိုး​ရက ကိုယ့်​ကို ပြန်ပြီး​တော့​ ဒီလို လူ့​အခွင့်​အ​ရေး​တွေ ချိုး​ဖောက်တာ ပိတ်ပင်တာမျိုး​ ဖြစ်သလို၊​ စီး​ပွား​ရေး​ ပိတ်ဆို့​မှုဟာလည်း​ ပိတ်ပင်ရာ ​ရောက်​နေတယ်ဆိုတာကို စဉ်း​စား​ကြဖို့​ လိုပါတယ်။ ဒါ​ကြောင့်​မို့​ မြန်မာနိုင်ငံကို ကူညီမယ်ဆိုရင် စီး​ပွား​ရေး​အခွင့်​အလမ်း​တွေ ရလာ​အောင် စီး​ပွား​ရေး​ပိတ်ဆို့​မှုကို ပြန်ပြီး​ဖြုတ်သင့်​တယ်ဆိုတဲ့​ အ​ကြောင်း​ ကျ​နော်​ပြောပါတယ်။” အာဏာရှင်နိုင်ငံတချို့​ကို အ​မေရိကန်က ​ထောက်ပံ့​နေတာ​တွေကို ​ထောက်ပြ လိုက်တယ်လို့​လည်း​ ဆိုပါတယ်။ ကျန်​တွေ့​ဆုံသူ​တွေရဲ့​ သ​ဘောထား​ အမြင်​တွေကိုလည်း​ မစ္စတာမက်ကိန်း​က နား​ထောင် တုံ့​ပြန်သွား​ပုံကိုလည်း​ ဦး​ခင်​မောင်​ဆွေက အခုလို ​ပြောပါတယ်။ “ဂျွန်မက်ကိန်း​က​တော့​ စီး​ပွား​ရေး​ပိတ်ဆို့​ ရုပ်သိမ်း​ရေး​ကိစ္စအ​ပေါ်မှာ​တော့​ ၈ ပါတီရဲ့​ သ​ဘောထား​ တညီတည်း​ဆိုတာကို သူ​တွေ့​သွား​တယ်။ ​နောက်ပြီး​တော့​ တိုင်း​ရင်း​သား​တွေရဲ့​ အခက်အခဲ​တွေ၊​ အကျပ်အတည်း​တွေ၊​ နယ်စပ်မှာ ဖြစ်​နေတဲ့​ ကိစ္စ​တွေ ငြိမ်း​ချမ်း​ချင်တယ်ဆိုတဲ့​ကိစ္စ​တွေ တိုင်း​ရင်း​သား​တွေ တင်ပြတာလည်း​ သူကြား​သွား​တယ်။ သူ့​ဘက်ကလည်း​ နယ်စပ်မှာရှိ​နေတဲ့​ ပြည်​ပြေး​ဒုက္ခသည်​တွေကို မြန်မာပြည်ထဲ ​အေး​အေး​ဆေး​ဆေး​ပြန်ဝင်လာနိုင်​အောင် လုပ်ဖို့​အတွက် သူလည်း​ စိတ်ဝင်တစား​ရှိတယ်ဆိုတာလည်း​ ​ပြောသွား​ပါတယ်။”

A d v e r t i s e m e n t With Us

More News
Up