A d v e r t i s e m e n t With Us

ဘာစီလိုနာ ၂-၁ အယ်လ်အေဂလက်စီ (ရုပ်သံ)

မြောက်အမေရိက နိုင်ငံတကာ ချန်ပီယံဖလားပြိုင်ပွဲမှာ ဘာစီလိုနာက အယ်လ်အေ ဂလက်စီကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲစဉ်ကို ကယ်လီဖိုးနီးယားမှာ ဇူလိုင် ၂၁ ရက်နေ့က ယှဉ်ပြိုင်ခဲ့တာပါ။ ဘာစီလိုနာအတွက် ဦးဆောင်ဂိုးကို ပထမပိုင်းပြီးကာနီးမှာ တိုက်စစ်မှူး ဆွာရက်က သွင်းယူပါတယ်။ ဘာစီလိုနာအတွက် ဒုတိယဂိုးကို တဖက်နောက်တန်းရဲ့ အမှားကနေ ရောဘတ်တိုက သွင်းယူပါတယ်။ ဒီပွဲမှာ ဘာစီလိုနာက ထိုးဖောက် ကန်သွင်းခွင့်တွေ ပိုရခဲ့ပြီး ပရိသတ်တွေ စံချိန်တင် ၉ သောင်းကျော် လာရောက် အားပေးခဲ့ပါတယ်။ အယ်လ်အေ ဂလက်စီအတွက် ချေပဂိုးတဂိုးကို ပွဲပြီးကာနီးမှာ မီယာက သွင်းယူပါတယ်။ ဒီပွဲဟာ ဘာစီလိုနာအတွက်တော့ ပထမဆုံး ပွဲစဉ်လည်း ဖြစ်ပြီး ဒုတိယပွဲစဉ်အဖြစ် မန်ယူနဲ့ ဇူလိုင် ၂၈ ရက်နေ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ မြောက်အမေရိကား နိုင်ငံတကာဖလားပြိုင်ပွဲကို လာမယ့် ဘောလုံးရာသီအကြိုအဖြစ် ပြုလုပ်တာ ဖြစ်ပြီး ဘာစီလိုနာ၊ မန်ယူ၊ ချဲလ်ဆီး၊ ပီအက်စ်ဂျီစတဲ့ အသင်းတွေနဲ့ မြောက်အမေရိက ကလပ်တွေ အပါအ၀င် အသင်းပေါင်း ၁၀ သင်း ပါဝင်ယှဉ်ပြိုင်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up