A d v e r t i s e m e n t With Us

ကော့သောင်းမြို့တွင် ကုန်တင်သင်္ဘော တိမ်းမှောက်

ကော့​သောင်း​က​နေ ရန်ကုန်ကိုထွက်ခွာမယ့်​ ကုန်တင်သ​င်္ဘောတစီး​ မနေ့​ ​နေ့​လယ်ပိုင်း​က တိမ်း​မှောက်ခဲ့​တယ်လို့​ သိရပါတယ်။ ကုန်ပစ္စည်း​အပြည့်​ တင်​ဆောင်ထား​တဲ့​ ​မေသဇင်အမည်ရှိ သ​င်္ဘောဟာ ​ကော့​သောင်း​မြို့​ရှိ ​တော်ဝင်ဆိပ်ကမ်း​မှာဆိုက်ကပ်ပြီး​ ဆိပ်ကမ်း​အာဏာပိုင်​တွေဆီ က သ​င်္ဘောထွက်ခွာခွင့်​ ​စောင့်​ဆိုင်း​နေစဉ် နစ်မြုပ်သွား​တာ ဖြစ်တယ်လို့​ မျက်မြင် မြို့​ခံအချို့​က ဆိုပါတယ်။ သ​င်္ဘောတိမ်း​မှောက်မှု​ကြောင့်​ လူ​သေဆုံး​မှုမရှိ​ပေမယ့်​ သ​င်္ဘော​ပေါ် တင် ​ဆောင်ထား​တဲ့​ပစ္စည်း​တွေ ပျက်စီး​ဆုံး​ရှုံး​သွား​တယ်လို့​ မျက်မြင်​ဒေသခံတဦး​က အခုလို ​ပြောပါတယ်။ “သ​င်္ဘောမှာ ခရီး​သည် တင်​ဆောင်ခြင်း​မရှိဘူး​။ အဓိကက ကုန်ပစ္စည်း​တင် တဲ့​သ​င်္ဘော။ ​ကော့​သောင်း​က​နေ ရန်ကုန်ကို ထွက်မယ်ဆို​တော့​ သ​င်္ဘော​ပေါ်မှာ ထိုင်း​ထုတ်ကုန်ပစ္စည်း​တွေ အများ​ဆုံး​ပါသွား​တယ်။ ယုဇနကုမ္ပဏီက စား​အုန်း​ဆီ ကြမ်း​တို့​၊​ စား​ဆီပုံး​၊​ ငါး​ဖမ်း​ပိုက်၊​ အင်ဂျင်ဝိုင်ပုံး​ စတဲ့​ ထိုင်း​ကထွက်တဲ့​ပစ္စည်း​ ​တော် ​တော်များ​များ​ ပါသွား​တယ်။” သ​င်္ဘောတိမ်း​မှောက်ရတာဟာ ရာသီဥတု​ကြောင့်​မဟုတ်ဘဲ ကုန်း​ပစ္စည်း​ အဆမတန် တင်​ဆောင်ထား​တာ​ကြောင့်​လို့​လည်း​ ​ရေ​ကြောင်း​လိုင်း​ကျွမ်း​ကျင်တဲ့​ ​ဒေသခံက ​ပြောပါတယ်။ “​လေကလည်း​ အဲ​လောက်မရှိဘူး​၊​ ၁၂ နာရီခွဲ​လောက်မှာ ​လေက မုန်တိုင်း​ အဆင့်​မဟုတ်ဘူး​။ ​လေ​ရော မိုး​ရော ဝင်​တော့​ဝင်တယ်။ သ​င်္ဘော​ပေါ်မှာတင်ထား​ တဲ့​ပစ္စည်း​က အရမ်း​များ​နေတယ်။ ​ရေမျက်နှာပြင်နဲ့​ သ​င်္ဘောကုန်း​ပတ်က တ​တောင် ​လောက်ပဲရှိတယ်။ အဲ​တော့​ ​လေက နည်း​နည်း​တိုက်လိုက်တဲ့​အချိန်မှာ သ​င်္ဘော ကုန်း​ပတ်က ​စောင်း​ပြီး​သွား​တယ်။ သူက အ​ပေါ်ဝိတ်ကလည်း​ များ​နေ​တော့​ ပြန်ပြီး​ မလည်လာ​တော့​ဘူး​။ တခါတည်း​ ​စောင်း​ပြီး​မှောက်သွား​တာ။”

A d v e r t i s e m e n t With Us

More News
Up