A d v e r t i s e m e n t With Us

လာမည့်နှစ် စီးရီးအေချန်ပီယံ ဆက်ဖြစ်မည်ဟု ဂျူဗင်တပ်စ် နည်းပြပြော

ဓာတ်ပုံ - ရိုက်တာ
လာမယ့်နှစ် စီးရီးအေချန်ပီယံ ဖြစ်ရေး သူ့အသင်းပဲ ရေပန်းစားနေတယ်လို့ ဂျူဗင်တပ်စ်နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီက ပြောကြားခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဒုတိယနေရာက ရိုးမားအသင်းကို ၁၇ မှတ်ဖြတ်ပြီး စီးရီးအေချန်ပီယံဘွဲ့ကို ၄ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခုနှစ်မှာ စိန်ခေါ်မှုတွေ ပိုမိုပြင်းထန်လာမယ်လို့ မျှော်လင့်ကြောင်း  အယ်လီဂရီက ပြောပါတယ်။ အထူးသဖြင့် အေစီမီလန်နဲ့ အင်တာမီလန်တို့ရဲ့ ငွေကြေးသုံးစွဲပြီး ပြင်ဆင်မှုတွေက ဂျူဗင်တပ်အတွက် စိန်ခေါ်မှုတွေ ဖြစ်လာဖို့ ရှိနေပါတယ်။ ဂျူဗင်တပ်စ်ရဲ့ အားထားရတဲ့ ကွင်းလယ်လူ အန်ဒရီယာ ပီယာလိုနဲ့ တိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်တို့ အသင်းကနေ ထွက်ခွာသွားပေမယ့်လည်း အယ်လီဂရီကတော့ သူတို့အသင်းပဲ စီးရီးအေမှာ ထိပ်တန်းအသင်းအဖြစ် ဆက်ရှိနေဦးမယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up