A d v e r t i s e m e n t With Us

အလက်ဇန္ဒား မီထရိုဗစ်ကို ၅ နှစ်စာချုပ်ဖြင့် နယူးကာဆယ် ခေါ်ယူ

ဓာတ်ပုံ - ရိုက်တာ
နယူးကာဆယ်အသင်းဟာ ဘယ်လ်ဂျီယံကလပ် အန်းဒါးလက်ခ်ျ တိုက်စစ်မှူး အလက်ဇန္ဒား မီထရိုဗစ်ကို ၅ နှစ် စာချူပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် ၂၀ အရွယ် ဆားဘီးယားလက်ရွေးစင် တိုက်စစ်မှူးကို ပေါင် ၁၃ သန်းနဲ့ သဘောတူ ခေါ်ယူခဲ့တာပါ။ သူဟာ ၂၀၁၃ ခုနှစ်မှာ ပါတီဇန် ဘဲလ်ရိုဂရပ်အသင်းကနေ ယူရို ၈ သန်းနဲ့ အန်းဒါးလက်ခ်ျ ကို ပြောင်းရွှေ့လာခဲ့တာပါ။ အန်ဒါးလက်ခ်ျအသင်းမှာ ၆၉  ပွဲကစားပြီး ၃၆ ဂိုး သွင်းပေးထားပါတယ်။ သူ့အနေနဲ့ နယူးကာဆယ်အသင်းရဲ့ ဂန္ထ၀င်ကစားသမား အလန်ရှီးယားလို ကစားနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up