A d v e r t i s e m e n t With Us

တရုတ်နိုင်ငံ ပန်းခြံတခုအတွင်း ပေါက်ကွဲမှုဖြစ်၊ လူ ၂ ဦးသေဆုံး (ရုပ်သံ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုံးပြည်နယ် ရှန်ရှင့်မြို့မှာ ဇူလိုင် ၂၁ ရက် ညက ပန်းခြံအတွင်း ဖောက်ခွဲရေးပစ္စည်းတခု ပေါက်ကွဲလို့ လူ ၂ ဦး သေဆုံးပြီး ၂၄ ဦး ဒဏ်ရာရပါတယ်။ လုံခြုံရေးကင်မရာက မှတ်တမ်းတင်ထားတဲ့ ရုပ်သံအရ ဇူလိုင် ၂၁ ရက် ည ဆယ်နာရီခွဲလောက်က ပန်းခြံထဲမှာ သက်သောင့်သက်သာ နားနေတဲ့ လူတွေကြား ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုအရ ၁၉၈၂ သြဂုတ်လဖွား ဒေသခံ ရှဲ့ရှင်ထန်က ပေါက်ကွဲ စေတတ်တဲ့ ပစ္စည်းကို လာချခဲ့တာပါ။ သူကတော့ ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ပြီး သူ့လုပ်ရပ်က ဘာအကြောင်းကြောင့်လဲ ဆိုတာ စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up