A d v e r t i s e m e n t With Us

ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု နော်ဒီဇင်ဘာဖော ရရှိ

၂၀၁၀ ပြည့်​နှစ်အတွက် ပဒိုမန်း​ရှာလား​ဖန်း​ လူငယ်ခေါင်း​ဆောင်ဆုကို ကရင်တိုင်း​ရင်သူ အသက် ၂၆ နှစ်အရွယ် ​နော်ဒီဇင်ဘာ​ဖောကို ချီး​မြှင့်​လိုက်ပါတယ်။ ကွယ်လွန်သူ ကရင်အမျိုး​သား​အစည်း​အရုံး​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ပဒိုမန်း​ရှာလား​ဖန်း​ကို ဂုဏ်ပြုဖွဲ့​စည်း​ထား​တဲ့​ ဖန်း​ဖောင်​ဒေး​ရှင်း​ဖွဲ့​က​နေပြီး​ ပဒိုမန်း​ရှာလား​ဖန်း​ လူငယ်ခေါင်း​ဆောင်ဆုကို ထား​ဝယ်ခရိုင်ရဲ့​ ​ဆေး​ရုံအုပ်ဖြစ်သူ ​နော်ဒီဇင်ဘာ​ဖောကို ဒီက​နေ့​ ချီး​မြှင့်​လိုက်ပါတယ်။ ကရင်ပြည်တွင်း​ တ​နေရာမှာ ကျင်း​ပ​နေတဲ့​ ကရင်လူထုအစည်း​အ​ဝေး​မှာ ဒီဆုကို ချီး​မြှင့်​လိုက်တာ ဖြစ်ပါတယ်။ နော်ဒီဇင်ဘာ​ဖောဟာ ကရင်အမျိုး​သား​အစည်း​အရုံး​ တနင်္သာရီတိုင်း​ ထား​ဝယ်ခရိုင်က လူထုကျန်း​မာ​ရေး​လုပ်သား​တဦး​ ဖြစ်သလို လက်ရှိ ထား​ဝယ်ခရိုင် ​ဆေး​ရုံအုပ်အဖြစ် တာဝန်ယူ​နေသူ ဖြစ်ပါတယ်။ လူထုကျန်း​မာ​ရေး​အတွက် စွမ်း​စွမ်း​တမံ ကူညီ​နေသူဖြစ်လို့​ ဆုချီး​မြှင့်​တာပါလို့​ ဖန်း​ဖောင်​ဒေး​ရှင်း​ကို တည်​ထောင်သူ ပဒိုမန်း​ရှာရဲ့​ သမီး​ငယ် နန်း​ဇိုယာဖန်း​က ​ပြောပါတယ်။ “​ရွေး​ချယ်တဲ့​အ​ကြောင်း​အရာ​တွေက​တော့​ အများ​ကြီး​ရှိပါတယ်။ ပြည်သူလူထုအတွက် သူက အင်မတန် ကြိုး​စား​ပြီး​ ကိုယ်ကျိုး​စွန့်​ပြီး​တော့​ အလုပ် လုပ်​နေပါတယ်။ တဆက်တည်း​မှာပဲ အခက်အခဲနဲ့​ ဆင်း​ရဲမှု​တွေ ကြား​မှာ သူကိုယ်တိုင် ဒီ လူမှု​ရေး​လုပ်ငန်း​တွေကို ပါဝင်ပြီး​တော့​ တက်ကြွစွာ လုပ်​ဆောင်​နေတာကို ကျမတို့​ သိရတယ်။ ပြီး​တော့​ သူက အသိအမှတ်ပြု​လောက်တဲ့​ လူငယ်​ခေါင်း​ဆောင် တ​ယောက်​ပေါ့​နော်။ အဲဒါ​ကြောင့်​ ကျမတို့​က သူ့​ကို ဂုဏ်ပြုတဲ့​အ​နေနဲ့​ ​ရွေး​ချယ်တာ ဖြစ်ပါတယ်။” အ​မေရိကန်​ဒေါ်လာ ၂,၀၀၀ ချီး​မြှင့်​တဲ့​ ဒီဆုကို ၂၀၀၈ ခုက စတင်ချီး​မြှင့်​လာတာ ဖြစ်ပြီး​ ​နော်ဒီဇင်ဘာ​ဖောဟာ တတိယ​မြောက် ဆုရသူဖြစ်ပါတယ်။ ​နော်ဒီဇင်ဘာ​ဖောဟာ ထား​ဝယ်​ဒေသက ရွာတရွာမှာ​မွေး​ပြီး​ သူ့​အိမ်နဲ့​ရွာကို အစိုး​ရတပ်ဖျက်ဆီး​ခံရတဲ့​အတွက် ထိုင်း​နယ်စပ်က ဒုက္ခသည်စခန်း​မှာ လာရောက်ခိုလှုံခဲ့​ပါတယ်။   ဒုက္ခသည်စခန်း​တွင်း​မှာပဲ ၁၀ တန်း​ ​အောင်မြင်ပြီး​နောက် နယ်စပ်မှာရှိတဲ့​ ​ဒေါက်တာစင်သီယာ​မောင်​ဆေး​ခန်း​မှာ ​ဆေး​ပညာ​လေ့​လာသင်ယူပြီး​ ထား​ဝယ်ခရိုင်မှာ လူထုကို ​ဆေး​ကုသ​ပေး​နေသူ ဖြစ်ပါတယ်။ သူ့​မိဘ​တွေက ဒုက္ခသည်စခန်း​က​နေ တတိယနိုင်ငံကို ထွက်ခွာသွား​ပေမယ့်​ သူက​တော့​ ကရင်အမျိုး​သား​အစည်း​အရုံး​ ထား​ဝယ်ခရိုင်ရဲ့​ ​ဆေး​ရုံအုပ်အဖြစ် တာဝန်ဆက်ယူ​နေပါတယ်။ ကရင်မျိုး​ဆက်သစ်လူငယ်​တွေထဲက ​ဒေသတွင်း​ခေါင်း​ဆောင်ပြုနိုင်သူ၊​ ဆင်း​ရဲမှု ပ​ပျောက်​ရေး​အတွက် ​ဆောင်ရွက်နိုင်သူ၊​ ပညာ​ရေး​မြှင့်​တင်​ပေး​နိုင်သူ၊​ ဖွံ့​ဖြိုး​ရေး​အစီအစဉ်ကို မြှင့်​ပေး​နိုင်သူနဲ့​ ကရင်ယဉ်​ကျေး​မှုကို ထိန်း​သိမ်း​ ​ဆောင်ရွက်နိုင်သူကို ဒီဆု ချီး​မြှင့်​တာဖြစ်ပါတယ်။ ဆုချီး​မြှင့်​ရတဲ့​ ရည်ရွယ်ချက်နဲ့​ ပတ်သက်ပြီး​ နန့်​ဇိုယာဖန်း​က ခုလို ရှင်း​ပြပါတယ်။ “အဓိကရည်ရွယ်ချက်က​တော့​ ကျမတို့​က ဒီထူး​ချွန်တဲ့​ လူငယ်​တွေရဲ့​ လုပ်​ဆောင်ချက်​တွေကို အခြား​လူငယ်​တွေအတွက် စံနမူနာ​ကောင်း​တဲ့​ လူငယ်တ​ယောက်အ​နေနဲ့​ ကျမတို့​က ဂုဏ်ပြုတာလည်း​ ဖြစ်တယ်။ ပြီး​တော့​ ကျမတို့​ အ​ဖေနဲ့​ အ​မေ ပဒိုမန်း​ရှာလား​ဖန်း​နဲ့​ ကျမတို့​အ​မေ နန်း​ကြည်​ရွှေ နှစ်ပါး​လုံး​ရဲ့​သူတို့​ ဖြစ်ချင်တဲ့​ ဆန္ဒကို ဖြစ်​မြောက်​အောင် ကျမတို့​ သား​သမီး​တွေက ဆုကို ​ပေး​တဲ့​အ​နေနဲ့​ ကျမတို့​ မိဘ နှစ်ပါး​စလုံး​ကို ဂုဏ်ပြုတာ ဖြစ်ပါတယ်။” ပဒိုမန်း​ရှာလား​ဖန်း​ လူငယ့်​ခေါင်း​ဆောင်ဆုကို ၂၀၀၉ ခုနှစ်အတွက် အသက် ၃၂ အရွယ် ​စောညွန့်​ဝင်း​က ရရှိခဲ့​ပြီး​ ၂၀၀၈ ခုနှစ်အတွက် ​နော်​ဖောက ဘလာထူး​ ကို ​ပေး​အပ်ခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up