Live
Home
ရင်ဖွင့်စာ/ပေးစာ
နေပြည်တော် ဆောက်လုပ်ရေးလုပ်ငန်းခွင် မသမာမှုများ
DVB
·
May 27, 2011
ဆောက်လုပ်​ရေး​ဝန်ကြီး​ဌာန လမ်း​၊​ တံတား​၊​ အ​ဆောက်အဦတို့​မှာ တာဝန်ကျတဲ့​ အင်ဂျင်နီ ယာ​တွေဟာ တာဝန်ကျ​နေရာ​တွေမှာ ​ဆွေ​တော်မျိုး​တော်​တွေကို ​ခေါ်လာပြီး​ ​နေရာ​ကောင်း​တွေမှာ ထည့်​နေတာကို ​ပြောပြချင်ပါတယ်။ ကျ​နော်တို့​ ​အောက်​ခြေဝန်ထမ်း​တွေက​တော့​ ​နေပူကျဲကျဲမှာ လုပ်​နေရ​ပေမယ့်​ အင်ဂျင် နီယာ​တွေရဲ့​ အသိုင်း​အဝိုင်း​တွေက​တော့​ ​နေရာ​ကောင်း​တွေယူပြီး​ ကိုယ်ပိုင်ကုမ္ပဏီကြီး​တခုလို လုပ်​နေကြပါတယ်။ ​နောက်ပြီး​ မလုပ်တတ်မကိုင်တတ်နဲ့​ ​နေရိပ်ထဲမှာ ထိုင်ပြီး​ ဆီ​တွေ ခိုး​ထုတ် ​နေကြတယ်။ ဘိလပ်​မြေစတို၊​ ဆီစတိုလို ​နေရာ​တွေကို ယူထား​ကြတယ်။ ကျ​နော်တို့​ဝန်ကြီး​ဌာ နဆိုတာ​တောင် ​ပျောက်မလိုဖြစ်​နေပါတယ်။ ကျ​နော်တို့​ ​အောက်​ခြေဝန်ထမ်း​တွေက​တော့​ လုပ်သက်ဘယ်​လောက်ကြာကြာ ဘာမှလုပ်ပိုင်ခွင့်​မရှိတဲ့​အပြင် တိုး​တက်စရာလမ်း​လည်း​ မရှိပါဘူး​။ ကျ​နော် လုပ်သက် ၄၀ ​ကျော် ရှိပါပြီ။ စုတ်စုတ်ပြတ်ပြတ်နဲ့​ ​နေရတဲ့​ ကျ​နော်တို့​ ​အောက်​ခြေဝန်ထမ်း​တွေရဲ့​ ဘဝ​တွေကို လူကြီး​တွေ လာကြည့်​စေချင်ပါတယ်။ ကျ​နော်တို့​ကို လိုင်း​ခန်း​ဆောက်​ပေး​ထား​တယ်။ သက်ကယ်မိုး​၊​ ထရံကာ၊​ ​အောက်က ကြမ်း​ခင်း​၊​ ​နေ့​ဘက်ဆို ပူ၊​ မိုး​တွင်း​ဆို မိုး​ယိုတယ်။ ကျန်း​မာ​ရေး​နဲ့​လည်း​ လုံး​ဝမညီညွတ်ဘူး​။ အရင်အစိုး​ရလက်ထက် ဝန်ကြီး​ ဗိုလ်ချုပ်​စောထွန်း​ တုန်း​က ဝန်ထမ်း​တွေအား​လုံး​ တိုင်ခဲ့​ဖူး​ပါတယ်။ ဘာမှ ထူး​ခြား​မလာဘူး​။ အခု အစိုး​ရသစ် ​ပြောင်း​လာ​တော့​ ဘယ်လိုလာမလဲ​တော့​မသိဘူး​။ ကျ​နော်တို့​ ​အောက်​ခြေဝန်ထမ်း​တွေအတွက် ပြုပြင်​ပြောင်း​လဲ​ပေး​ဖို့​ ဒီဗွီဘီကတဆင့်​ တင်ပြလိုက်ပါတယ်။ အောက်​ခြေဝန်ထမ်း​တဦး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024