A d v e r t i s e m e n t With Us

ဒီမာရီယာကို ခေါ်ယူနိုင်ရန် ပီအက်စ်ဂျီအသင်း ကြိုးပမ်း

ဓာတ်ပုံ - ရိုက်တာ
ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက မန်ယူ ကွင်းလယ်လူ ဒီမာရီယာကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ လောလောဆယ် ပီအက်စ်ဂျီက ဒီမာရီယာကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေတယ်လို့ ဗြိတိသျှသတင်းစာ မေရာမှာ ရေးသားထားပါတယ်။ မန်ယူကလည်း အပြန်အလှန်အနေနဲ့ အစားထိုးနိုင်ဖို့ ဘာစီလိုနာ တိုက်စစ်မှူး ပက်ဒရိုကို ပေါင် ၁၈ သန်းနဲ့ ဒီတပတ်တည်း ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ အသက် ၂၇ နှစ်အရွယ် ဒီမာရီယာကို မန်ယူက ဗြိတိသျှစံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ လောက်နဲ့ ခေါ်ယူခဲ့ပေမယ့် အသင်းမှာ အသားမကျသလို ခြေစွမ်းလည်း မပြနိုင်ဘဲ ဖြစ်နေပါတယ်။ ဒ့ါအပြင် ဒီမာရီယာရဲ့ ဇနီးကလည်း မန်ချက်စတာမှာ နေရတာ အဆင်မပြေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီမာရီယာ ကိုယ်တိုင်ကလည်း မန်ယူကနေ ထွက်ခွာချင်ကြောင်း ပြောဆိုထားတယ်လို့  သတင်းမှာ ဖော်ပြထားပါတယ်။ ပြင်သစ်ကလပ် ပီအက်စ်ဂျီက ဒီမာရီယာအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းသွားဖို့ ရှိတယ်လို့လည်း သတင်းမှာ ခန့်မှန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up