A d v e r t i s e m e n t With Us

နေပြည်တော် ဆောက်လုပ်ရေးလုပ်ငန်းခွင် မသမာမှုများ

ဆောက်လုပ်​ရေး​ဝန်ကြီး​ဌာန လမ်း​၊​ တံတား​၊​ အ​ဆောက်အဦတို့​မှာ တာဝန်ကျတဲ့​ အင်ဂျင်နီ ယာ​တွေဟာ တာဝန်ကျ​နေရာ​တွေမှာ ​ဆွေ​တော်မျိုး​တော်​တွေကို ​ခေါ်လာပြီး​ ​နေရာ​ကောင်း​တွေမှာ ထည့်​နေတာကို ​ပြောပြချင်ပါတယ်။ ကျ​နော်တို့​ ​အောက်​ခြေဝန်ထမ်း​တွေက​တော့​ ​နေပူကျဲကျဲမှာ လုပ်​နေရ​ပေမယ့်​ အင်ဂျင် နီယာ​တွေရဲ့​ အသိုင်း​အဝိုင်း​တွေက​တော့​ ​နေရာ​ကောင်း​တွေယူပြီး​ ကိုယ်ပိုင်ကုမ္ပဏီကြီး​တခုလို လုပ်​နေကြပါတယ်။ ​နောက်ပြီး​ မလုပ်တတ်မကိုင်တတ်နဲ့​ ​နေရိပ်ထဲမှာ ထိုင်ပြီး​ ဆီ​တွေ ခိုး​ထုတ် ​နေကြတယ်။ ဘိလပ်​မြေစတို၊​ ဆီစတိုလို ​နေရာ​တွေကို ယူထား​ကြတယ်။ ကျ​နော်တို့​ဝန်ကြီး​ဌာ နဆိုတာ​တောင် ​ပျောက်မလိုဖြစ်​နေပါတယ်။ ကျ​နော်တို့​ ​အောက်​ခြေဝန်ထမ်း​တွေက​တော့​ လုပ်သက်ဘယ်​လောက်ကြာကြာ ဘာမှလုပ်ပိုင်ခွင့်​မရှိတဲ့​အပြင် တိုး​တက်စရာလမ်း​လည်း​ မရှိပါဘူး​။ ကျ​နော် လုပ်သက် ၄၀ ​ကျော် ရှိပါပြီ။ စုတ်စုတ်ပြတ်ပြတ်နဲ့​ ​နေရတဲ့​ ကျ​နော်တို့​ ​အောက်​ခြေဝန်ထမ်း​တွေရဲ့​ ဘဝ​တွေကို လူကြီး​တွေ လာကြည့်​စေချင်ပါတယ်။ ကျ​နော်တို့​ကို လိုင်း​ခန်း​ဆောက်​ပေး​ထား​တယ်။ သက်ကယ်မိုး​၊​ ထရံကာ၊​ ​အောက်က ကြမ်း​ခင်း​၊​ ​နေ့​ဘက်ဆို ပူ၊​ မိုး​တွင်း​ဆို မိုး​ယိုတယ်။ ကျန်း​မာ​ရေး​နဲ့​လည်း​ လုံး​ဝမညီညွတ်ဘူး​။ အရင်အစိုး​ရလက်ထက် ဝန်ကြီး​ ဗိုလ်ချုပ်​စောထွန်း​ တုန်း​က ဝန်ထမ်း​တွေအား​လုံး​ တိုင်ခဲ့​ဖူး​ပါတယ်။ ဘာမှ ထူး​ခြား​မလာဘူး​။ အခု အစိုး​ရသစ် ​ပြောင်း​လာ​တော့​ ဘယ်လိုလာမလဲ​တော့​မသိဘူး​။ ကျ​နော်တို့​ ​အောက်​ခြေဝန်ထမ်း​တွေအတွက် ပြုပြင်​ပြောင်း​လဲ​ပေး​ဖို့​ ဒီဗွီဘီကတဆင့်​ တင်ပြလိုက်ပါတယ်။ အောက်​ခြေဝန်ထမ်း​တဦး

A d v e r t i s e m e n t With Us

More News
Up