အေးရှားဝေါ ဆောက်လုပ်ရေးကြောင့် ရပ်ကွက်ထဲ ရေကြီး
DVB
·
May 27, 2011
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် ဟုမ်းလမ်းမှတ်တိုင်အနီးမှာ အေးရှားဝေါကုမ္ပဏီက ဆိပ်ခံတံတား ဆောက်လုပ်တဲ့စီမံကိန်းကြောင့် ကျနော်တို့ ထီးတန်းရပ်ကွက်မှာ ရန်ကုန်မြစ်ထဲ စီးဆင်းနေတဲ့ ရေဆိုးတွေ ပိတ်ဆို့ကုန်ပြီး နေအိမ်တွေ ရေနစ်မြုပ်နေပါတယ်။ အရင်နှစ်တွေက မိုးရေချိန် အလွန်များပြားချိန်နဲ့ ထူးကဲဒီရေတက်ချိန်ကလွဲလို့ ကျနော်တို့ရပ်ကွက်တွေမှာ ရေလျှံတာ မရှိပါဘူး။ ဒီနှစ်မှာတော့ အဲဒီစီမံကိန်းရဲ့ အကျိုးဆက်ကြောင့် ရေဆင်းမြောင်းပိတ်ဆို့နေလို့ မိုးရွာတိုင်း လူနေရပ် ကွက်ထဲ ရေဆိုးတွေ ဝင်လာနေသလို ခြင်တွေလည်း ပေါများနေတဲ့အတွက် ကျနော်တို့ ရပ်ကွက်တွင်း နေသူတွေ ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။ ဒါ့အပြင် နေအိမ်အများ အပြားလည်း ရေလျှံနစ်မြုပ်တဲ့အတွက် သွားလာရေး အခက်အခဲကြုံနေရတဲ့အကြောင်း ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။
ရပ်ကွက်သားတဦး