ဘရာဇီး ဂန္တ၀င်ဘောလုံးသမားကြီး ပီလီ ဆေးရုံမှဆင်း

ဓာတ်ပုံ - ရိုက်တာ
3.5K
ဘရာဇီး ဂန္ထ၀င်ဘောလုံးသမားကြီး ပီလီဟာ ခွဲစိတ်ကုသမှု ခံယူအပြီး ဆေးရုံကနေ ဆင်းသွားပါပြီ။
ပီလီဟာ နောက်ကျော နာကျင်တဲ့ဝေဒနာကြောင့် ဘရာဇီးနိုင်ငံ ဆောပေါ်လိုဆေးရုံမှာ တက်ရောက် ကုသနေခဲ့တာပါ။
အသက် ၇၄ နှစ်အရွယ် ဘောလုံးသမားဟောင်းကြီးဟာ ပြီးခဲ့တဲ့ ၈ လလောက်တုန်းကလည်း ဆီးလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ရောဂါအတွက် ဆေးရုံမှာ ကုသမှု ခံယူခဲ့ရပါတယ်။
ပီလီဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ နောက်ပိုင်းမှာ ၃ ကြိမ်အဖြစ် ဆေးရုံမှာ ကုသမှု ခံယူခဲ့ရတာပါ။
ဘရာဇီးအသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၃ ကြိမ် ဆင်နွှဲထားပြီး ဂိုးပေါင်း ၁၂၈၀ ကျော် သွင်းထားတဲ့ ပီလီဟာ ဖီဖာက ပေးအပ်တဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို ၁၉၇၀ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရရှိခဲ့ပါတယ်။
ပီလီဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတယောက်၊ ဂိုးသွင်း အများဆုံးသူ တယောက်အဖြစ် မှတ်တမ်းတင်ခြင်း ခံထားရသူ ဖြစ်ပါတယ်။