A d v e r t i s e m e n t With Us

အေးရှားဝေါ ဆောက်လုပ်ရေးကြောင့် ရပ်ကွက်ထဲ ရေကြီး

ရန်ကုန်တိုင်း​ ကြည့်​မြင်တိုင်မြို့​နယ် ဟုမ်း​လမ်း​မှတ်တိုင်အနီး​မှာ ​အေး​ရှား​ဝေါကုမ္ပဏီက ဆိပ်ခံတံတား​ ​ဆောက်လုပ်တဲ့​စီမံကိန်း​ကြောင့်​ ကျ​နော်တို့​ ထီး​တန်း​ရပ်ကွက်မှာ ရန်ကုန်မြစ်ထဲ စီး​ဆင်း​နေတဲ့​ ​ရေဆိုး​တွေ ပိတ်ဆို့​ကုန်ပြီး​ ​နေအိမ်​တွေ ​ရေနစ်မြုပ်​နေပါတယ်။ အရင်နှစ်​တွေက မိုး​ရေချိန် အလွန်များ​ပြား​ချိန်နဲ့​ ထူး​ကဲဒီ​ရေတက်ချိန်ကလွဲလို့​ ကျ​နော်တို့​ရပ်ကွက်​တွေမှာ ​ရေလျှံတာ မရှိပါဘူး​။ ဒီနှစ်မှာ​တော့​ အဲဒီစီမံကိန်း​ရဲ့​ အကျိုး​ဆက်​ကြောင့်​ ​ရေဆင်း​မြောင်း​ပိတ်ဆို့​နေလို့​ မိုး​ရွာတိုင်း​ လူ​နေရပ် ကွက်ထဲ ​ရေဆိုး​တွေ ဝင်လာ​နေသလို ခြင်​တွေလည်း​ ​ပေါများ​နေတဲ့​အတွက် ကျ​နော်တို့​ ရပ်ကွက်တွင်း​ ​နေသူ​တွေ ကျန်း​မာ​ရေး​ ထိခိုက်လာနိုင်ပါတယ်။ ဒါ့​အပြင် ​နေအိမ်အများ​ အပြား​လည်း​ ​ရေလျှံနစ်မြုပ်တဲ့​အတွက် သွား​လာ​ရေး​ အခက်အခဲကြုံ​နေရတဲ့​အ​ကြောင်း​ ဒီဗွီဘီကတဆင့်​ တင်ပြလိုက်ရပါတယ်။ ရပ်ကွက်သား​တဦး

A d v e r t i s e m e n t With Us

More News
Up