ဖီဖာအတွင်း ပြုပြင်ပြောင်းလဲမှု လုပ်မည်ဟု ဘလတ္တာ ပြော

ဓာတ်ပုံ - ရိုက်တာ
1.1K
ငွေကြေးအရှုပ်တော်ပုံ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အတွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်သွားမယ်လို့ ဥက္ကဋ္ဌ ဆပ်ဘလတ္တာက ပြောလိုက်ပါတယ်။
ဖီဖာက ပြောင်းလဲမှုတွေလုပ်ဖို့ ၁၁ ဦးပါတဲ့အဖွဲ့ကို ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။
ပြောင်းလဲမှု လုပ်မယ့်အထဲမှာ ဥက္ကဋ္ဌနေရာအတွက် အချိန်ကန့်သတ်တာနဲ့ ဖီဖာ ထိပ်ပိုင်း တာဝန်ရှိသူတွေရဲ့ နောက်ကြောင်းကို စစ်ဆေးတာတွေလည်း ပါဝင်မှာပါ။
ဖီဖာကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခု မစခင်မှာတော့ ဗြိတိသျှ ဟာသပညာရှင်တဦးက မစ္စတာ ဘလတ္တာရဲ့ ခေါင်းပေါ်မှာ ငွေစက္ကူအတုတွေ ကြဲချခဲ့ပါတယ်။
အဲဒီနောက် ငွေတုတွေ ကြဲပြီး ဆန္ဒပြခဲ့တဲ့ ဟာသပညာရှင်ကို လုံခြုံရေးတွေက ဖယ်ရှားခဲ့ပြီး ပွဲကို ခေတ္တ ရပ်နားခဲ့ရပါတယ်။
ဖီဖာ ဥက္ကဌသစ် ရွေးကောက်ပွဲကိုတော့ လာမယ့်နှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ကျင်းပဖို့ သတ်မှတ်လိုက်ပါတယ်။