A d v e r t i s e m e n t With Us

ရေကူးအသံလွှင့်စက်ရုံဝင်း စီမံကိန်း တင်ဒါအောင်သူ မရှိ

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ ရေကူးအသံလွှင့်စက်ရုံဝင်းအတွင်း အဆောက်အအုံ ဆောက်လုပ်ဖို့ တင်ဒါခေါ်ခဲ့တာ တင်ဒါအောင်မြင်သူ မရှိဘူးလို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ တင်ဒါပိတ်ခဲ့တဲ့ ဇူလိုင် ၁၇ ရက်မှာ ကုမ္ပဏီ ၂ ခုက လုပ်ငန်းလုပ်ဖို့ အဆိုပြုခဲ့ပြီး သူတို့ အဆိုပြုချက်တွေဟာ ပြန်ကြားရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အခြေခံ လိုအပ်ချက်တွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ သတင်းက ဆိုပါတယ်။ ဒါကြောင့် ရေကူးစက်ရုံဝင်းအတွင်း မီဒီယာနဲ့ ပတ်သက်တဲ့ အဆောက်အအုံတွေ ဆောက်လုပ်တာနဲ့ လက်ရှိ အသံလွှင့်စက်ပစ္စည်းတွေ သင့်တော်ရာ ပြောင်းရွှေ့တဲ့ လုပ်ငန်းတွေ လုပ်ဖို့ တင်ဒါအောင်မြင်သူ မရှိဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့မေလထဲ ပြန်ကြားရေးက စတင်ခေါ်ယူခဲ့တဲ့ ဧက ၉၀ လောက်ကျယ်တဲ့  ရေကူးအသံလွှင့်စက်ရုံဝင်းအတွင်း အဆောက်အအုံတွေ ဆောက်လုပ်ရေး တင်ဒါဟာ တဦးတဖွဲ့အတွက် ရည်ရွယ်ခေါ်ယူထားတဲ့ တင်ဒါဖြစ်တယ်ဆိုတဲ့ ဝေဖန်ထောက်ပြမှုတွေ ပေါ်ထွက်ခဲ့တာပါ။ အဲ့ဒီနောက် ဒီကိစ္စ လွှတ်တော်ထဲရောက်သွားပြီး ပြန်ကြားရေးနဲ့ လွှတ်တော်တို့ အပြန်အလှန် ဆွေးနွေးငြင်းခုံတဲ့ထိ ဖြစ်ပွားကာ လွှတ်တော်က ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ၀န်ကြီးဌာနက ဆက်လက်လုပ်ဆောင်မယ်လို့ ပြောခဲ့တာပါ။ ဒီလုပ်ငန်းလုပ်ဖို့ စိတ်ဝင်စားတဲ့ ကုမ္ပဏီ (၆) ခုက တင်ဒါပုံစံတွေ လာရောက်ဝယ်ယူခဲ့ကြပြီး အခုနော်က်ဆုံးတော့ ရေကူးအသံလွှင့်စက်ရုံဝင်း လုပ်ငန်းတင်ဒါ အောင်မြင်သူမရှိ ဆိုတဲ့ ပြန်ကြားရေးသတင်း ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up