A d v e r t i s e m e n t With Us

တိုက်စစ်မှူး ဒရော့ဘာ အသင်းသစ် ရှာဖွေနေ

ဓာတ်ပုံ - ရိုက်တာ
ချဲလ်ဆီးအသင်းနဲ့ လမ်းခွဲလိုက်တဲ့ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူး ဒရော့ဘာက လတ်တလော ကစားဖို့ အသင်းသစ် တသင်းကို ရှာဖွေနေပါတယ်။ လက်ရှိအချိန်မှာ သူဟာ အင်တာမီလန်နဲ့ ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် စတီဗင်ဂျာရတ်နဲ့ ဖရန့်လမ်းပတ်တို့ ပြောင်းရွှေ့သွားတဲ့ အမေရိကန် မေဂျာလိဂ်ကို ပြောင်းရွှေ့ကစားဖွယ် ရှိနေပါတယ်။ အိုင်ဗရီကို့စ်လက်ရွေးစင် တိုက်စစ်မှူး ဒရော့ဘာက “အင်တာက အသင်းကြီးတသင်းပါ။ သူတို့ ကျနော့်ကို ကမ်းလှမ်းလာရင်တော့ ကျနော် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှာပါ။ လောလောဆယ်တော့ ကျနော် မေဂျာလိဂ်ကလပ်အသင်းတွေနဲ့ စကားပြောနေပါတယ်။” လို့ ပြောပါတယ်။ ဒရော့ဘာဟာ မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားအသင်းနဲ့ ဆွေးနွေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ သူဟာ ချဲလ်ဆီးအတွက် ၃၈၁ ပွဲမှာ ၁၆၄ ဂိုး သွင်းယူထားပြီး ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်နဲ့ ချန်ပီယံလိဂ် ၁ ကြိမ် ရရှိထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up