A d v e r t i s e m e n t With Us

ပေါ်တိုအသင်း ခြေစမ်းပွဲ ကားဆီးလက် ပွဲဦးထွက် ကစား

ဓာတ်ပုံ - ရိုက်တာ
ပေါ်တူဂီကလပ် ပေါ်တိုက ဂျာမန်ကလပ် အမ်အက်စ်ဗွီကို အနိုင်ရတဲ့ ရာသီအကြို ခြေစမ်းပွဲစဉ်မှာ စပိန်ဂိုးသမား ကားဆီးလက် ပွဲဦးထွက် ပါဝင်ကစားသွားပါတယ်။ ခြေစမ်းပွဲကို ဇူလိုင် ၁၈ ရက်နေ့က ဂျာမနီနိုင်ငံမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်ကနေ ပြောင်းလာတဲ့ ဂိုးသမား ကားဆီးလက် ပွဲစကတည်းက ပါဝင် ကစားသွားပါတယ်။ ကားဆီးလက်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ အချစ်တော် ဂိုးသမား ဖြစ်ပေမယ့် အသင်းက မန်ယူ ဂိုးသမား ဒီဂီယာကို ကမ်းလှမ်းနေတဲ့အတွက် အသင်းပြောင်းလာတာပါ။ ခြေစမ်းပွဲ ဒုတိယပိုင်းမှာတော့ ကားဆီးလက်ကို ဘရာဇီး ဂိုးသမား ဟယ်တန်နဲ့ လူစားလဲခဲ့ပါတယ်။ ဒီခြေစမ်းပွဲမှာ ပေါ်တိုက ဂျာမန် ဒုတိယတန်းကလပ် အမ်အက်စ်ဗွီကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ပေါ်တူဂီ အမှတ်ပေးလိဂ်ပြိုင်ပွဲတွေကို လာမယ့် သြဂုတ် ၁၆ ရက်နေ့ စတင်မှာဖြစ်ပြီး ပေါ်တိုအသင်းက ဂူမီရက်စ်အသင်းနဲ့ ပွဲဦးထွက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up