တရုတ်ရေတပ် ကမ်းတက် စစ်ရေးလေ့ကျင့်မှု ပြုလုပ် (ရုပ်သံ)

3.4K
တရုတ်ရေတပ် တောင်တရုတ်ပင်လယ် ရေတပ်ဌာနချုပ်ရဲ့ ကမ်းတက် စစ်ရေးလေ့ကျင့်မှုကို ပြီးခဲ့တဲ့ရက်တွေက ပြုလုပ်ခဲ့ပါတယ်။
တရုတ်ကမ်းတက်တပ်မ၊ မရိန်းတပ်မ၊ ကုန်းရေတိုက်ခိုက်ရေးတပ်နဲ့ ရေတပ် ရဟတ်ယာဉ်တပ်ဖွဲ့တွေ ပါဝင်လေ့ကျင့်ခဲ့ကြပါတယ်။
ရန်သူပိတ်ဆို့မှုကို ထိုးဖောက်ပြီး တပ်ဖွဲ့ဝင်တွေကို ကမ်းတက်စေတဲ့ပုံစံ ၁ ရက်နဲ့ ၂ ည လေ့ကျင့်ခဲ့ကြပါတယ်။
တပ်မတွေအားလုံးကို ဗျူဟာတခုတည်းအောက်မှာ စုစည်းပြီး ဗဟိုညွှန်ကြားမှုနဲ့ တိုက်ပွဲဝင်တဲ့ ပုံစံကိုလည်း လက်တွေ့ပစ်ခတ် လေ့ကျင့်ခဲ့ကြပါတယ်။
ရည်မှန်းချက်အတိုင်း ကမ်းတက်သင်္ဘောတွေနဲ့ တပ်ဖွဲ့ဝင်တွေအားလုံး ကမ်းတက်လေ့ကျင့်မှု ပုံစံသစ်ကို အောင်အောင်မြင်မြင် လေ့ကျင့်နိုင်ခဲ့ကြတယ်လို့ လေ့ကျင့်ရေးတပ်မှူး Ji Hongtao က စစ်ရေးလေ့ကျင့်မှုအပြီး သတင်းထောက်တွေကို ပြောခဲ့ပါတယ်။