လီဗာပူးတွင် ဆေးစစ်မှု ခံယူမည့် ဘန်တီကီ

ဓာတ်ပုံ - ရိုက်တာ
1.3K
အသင်းပြောင်းဖို့ သဘောတူညီချက် ရထားတဲ့ အက်စတွန်ဗီလာတိုက်စစ်မှူး ခရစ်စတီယန် ဘန်တီကီဟာ လီဗာပူးအသင်းမှာ ဆေးစစ်မှု ခံယူမှာ ဖြစ်ပါတယ်။
လီဗာပူးက အက်စတွန်ဗီလာ တိုက်စစ်မှူး ဘန်တီကီကို ပေါင် ၃၂ သန်းကျော်ပေးပြီး ခေါ်ယူထားတာပါ။
လောလောဆယ် အသက် ၂၄ နှစ်အရွယ် ဘန်တီကီဟာ ဗီလာအသင်းနဲ့အတူ ရာသီအကြို ခြေစမ်းပွဲ ခရီးစဉ်အဖြစ် သြစတြေးလျနိုင်ငံကို ရောက်ရှိနေပါတယ်။
လီဗာပူးအသင်းဆရာဝန်က သြစတြေးလျအထိ သွားရောက်ပြီး ဆေးစစ်မှာ ဖြစ်တယ်လို့ အသင်းက ပြောဆိုထားပါတယ်။
လီဗာပူးဟာ တိုက်စစ်မှူး စတာလင်ကို ပေါင် ၄၉ သန်းနဲ့ ရောင်းချအပြီးမှာ တိုက်စစ်မှူးသစ်တွေ ၀ယ်ယူနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ တန်းမဆင်းရအောင် ရုန်းကန်ခဲ့ရတဲ့ အက်စတွန်ဗီလာအတွက် ဘန်တီကီရဲ့ သွင်းဂိုးတွေက ကူညီနိုင်ခဲ့ပါတယ်။
ဘန်တီကီဟာ ၂၀၁၂ ခုနှစ်မှာ ဘယ်ဂျီယံကလပ် ဂျန့်စ်ကနေ ပေါင် ၇ သန်းနဲ့ ဗီလာကို ရောက်ရှိလာတာပါ။
ဗီလာအတွက် ပွဲပေါင်း ၁၀၁ ပွဲမှာ ၄၉ ဂိုး သွင်းပေးထားပါတယ်။ သူဟာ ဘယ်ဂျီယံလက်ရွေးစင် အသင်းအတွက် ၂၄ ပွဲမှာ ၇ ဂိုး သွင်းပေးထားပါတယ်။