ဖီဖာ အုပ်ချုပ်မှုအဖွဲ့ ပြုပြင်ဖွဲ့စည်းမည်

ဓာတ်ပုံ - ရိုက်တာ
1.7K
ဖီဖာဥက္ကဋ္ဌဟောင်း ဆပ်ဘလတ္တာက ဖီဖာရဲ့ အုပ်ချုပ်မှုအဖွဲ့အတွင်းမှာ အကျပ်အတည်းတွေ ဖြေရှင်းနိုင်ဖို့ ပြန်လည် ပြုပြင်ဖွဲ့စည်းသွားမယ်လို့ ကြေညာလိုက်ပါတယ်။
ဒါ့အပြင် ဖီဖာရဲ့ အမှုဆောင်ကော်မတီ အနေနဲ့ ဖီဖာဥက္ကဋ္ဌအသစ် ရွေးချယ်ပွဲနဲ့ ပတ်သက်လို့ ရက်သတ်မှတ်နိုင်ရေးကို ဆွေးနွေးသွားဖို့လည်း ရှိနေပါတယ်။
အသက် ၇၉ နှစ်အရွယ် ဆပ်ဘလတ္တာဟာ ဖီဖာရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေကြားက ငွေကြေး အရှုပ်တော်ပုံကြောင့် ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့မှာ ဥက္ကဋ္ဌအဖြစ်က နုတ်ထွတ်ထားပါတယ်။
ဘီဘီစီ အားကစားသတင်းမှာ ဖီဖာအနေနဲ့ ဥက္ကဋ္ဌသစ် ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ပြုလုပ်လိမ့်မယ်ဆိုပြီး ခန့်မှန်းထားပါတယ်။
ဖီဖာရဲ့ ထိပ်တန်းအရာရှိတွေကြားက အဂတိလိုက်စားမှု အရှုပ်တော်ပုံကြောင့် တချို့ ဖမ်းဆီးစစ်ဆေးခံနေရပါတယ်။
အဲဒီထဲ အမေရိကန်နိုင်ငံမှာ စစ်ဆေးခံခဲ့ရတဲ့ ဒု-ဥက္ကဋ္ဌဟောင်း ဂျက်ဖရီ ၀က်ဘ်ကတော့ အပြစ်မရှိကြောင်း ထွက်ဆိုထားပါတယ်။