A d v e r t i s e m e n t With Us

မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ် နယ်မြေရှင်းလင်းရေးကြောင့် ဒေသခံများ လယ်မလုပ်နိုင်

ထိုင်း-မြန်မာနယ်စပ် မြ၀တီ-ကော့ကရိတ်သွား အာရှလမ်းမသစ်ကို ပြန်လည်ဖွင့်လှစ်ပြီးနောက် နယ်ခြားစောင့်တပ်နဲ့ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်တဲ့အတွက် ဒေသခံပြည်သူတွေ လယ်မလုပ်နိုင်ကြဘဲ ထွက်ပြေးနေကြရပါတယ်။ ကော့ကရိတ်မြို့အရှေ့ဘက် ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေ အခြေချရာ ဒေသတွင်းက ကောင်းမှုရွာ၊ ဇော်ဟဲရွာ အပါအ၀င် ကျေးရွာ ၆ ရွာမှာ နယ်ခြားစောင့်တပ်နဲ့ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်နေတဲ့အတွက် ဒေသခံတွေ  ထွက်ပြေးနေကြရတာပါ။ တိုက်ပွဲတွေကနေ လွတ်မြောက်ရာကို ထွက်ပြေးကြတဲ့ ဒေသခံတွေမှာ စိုက်ပျိုးလက်စ လယ်မြေဧက ၄၀၀ ကျော်ကို ပစ်ထားခဲ့ရသလို စာသင်ကျောင်းတွေလည်း ပိတ်ထားရပါတယ်။ လက်ရှိမှာတော့ စစ်တပ်က တိုက်ပွဲဖြစ်တဲ့ ဒေသက လယ်မြေတွေကို မနက် ငါးနာရီကနေ ညနေ ငါးနာရီထိ သွားရောက်လုပ်ကိုင်ခွင့် ပေးလိုက်တဲ့အတွက် တချို့လည်း ကိုယ့်အိမ်ကိုယ် ပြန်သွားကြပါတယ်။ တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ ကျေးရွာသားတွေကို ဇူလိုင် ၁၈ ရက်နေ့က မြ၀တီမြို့ နာရေးကူညီမှုအသင်း၊ ကရင်နာရေးကူညီမှုအသင်းနဲ့ အလှူရှင်တချို့က ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် ကျပ် ၁၀ သိန်းဖိုး ပေးလှူသလို နယ်ခြားစောင့်တပ်က ဗိုလ်မှူးကြီး စောချစ်သူကလည်း ငွေကျပ် သိန်း ၂၀ လှူဒါန်းသွားပါတယ်။ အာရှလမ်းမသစ်ဖွင့်ပွဲကို ထိုင်း-မြန်မာ ၂ နိုင်ငံခေါင်းဆောင်တွေနဲ့ ဇူလိုင်လအတွင်း ကျင်းပဖို့ စီစဉ်ထားတာကြောင့် အာရှလမ်းသစ်တလျှောက် လမ်းကြေးကောက်နေတဲ့ ဂိတ်တွေကို ဖယ်ရှားခိုင်းရာက တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up