A d v e r t i s e m e n t With Us

နယ်ခြားစောင့်တပ် ဗိုလ်မှူးတဦး ပစ်ခတ်ခံရ

ကရင်ပြည်နယ် လှိုင်း​ဘွဲ့​မြို့​နယ် ထီလုံရွာအနီး​မှာ အ​ခြေစိုက်တဲ့​ ဗိုလ်မှူး​ ဘသိန်း​ရဲ့​ အ​ခြေစိုက်​နေရာကို အမည်မသိ ​သေနတ်သမား​တွေက ဝင်​ရောက် ပစ်ခတ်ခဲ့​တဲ့​အတွက် ရဲ​ဘော် ၃ ဦး​ ကျဆုံး​သွား​တယ်လို့​ ​ဒေသခံတဦး​က ​ပြောပါတယ်။ ဗိုလ်မှူး​ဘသိန်း​ဟာ နယ်ခြား​စောင့်​တပ်အမှတ် ၁၀၁၂ တပ်က စီး​ပွား​ရေး​တာဝန်ခံဖြစ်ပြီး​ ထီလုံရွာ အနီး​က သူ့​ရော်ခြံမှာ အနား​ယူ​နေစဉ် အခုလ ၂၄ ရက်​နေ့​ည​နေပိုင်း​က ဝင်​ရောက်ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ ဗိုလ်မှူး​ ဘသိန်း​က ထိခိုက်မှုမရှိဘူး​လို့​ ​ဒေသခံတဦး​က ​ပြောပါတယ်။ “သူက​တော့​ အပစ်မခံရဘူး​။ ခြံထဲမှာပဲ ဝင်စီး​သွား​တယ်။ သူက​တော့​ အပြင်မှာ ကား​ထဲမှာ အဲယား​ကွန်း​ဖွင့်​ပြီး​ အိပ်​နေ​တော့​ သူက​တော့​ ဘာမှမဖြစ်သွား​ဘူး​လို့​ ဒီမနက်က သတင်း​ကြား​ရတယ်။ ​ကေအန်ယူဘက်က ဝင်ပစ်တယ်လို့​ ကြား​တယ်။” ကရင်အမျိုး​သား​အစည်း​အရုံး​က ဝင်​ရောက် ပစ်ခတ်တာလို့​ ​ပြောဆို​ပေမယ့်​ သူတို့​ နယ်ခြား​စောင့်​တပ်အချင်း​ချင်း​ ပစ်ခတ်တာလို့​ ​ကေအန်ယူ တပ်မဟာ ၇ မှ ဗိုလ်မှူး​ချုပ် ​စော​ဂျော်နီက ဆိုပါတယ်။ “ဟိုလွန်ခဲ့​တဲ့​ ၂၄ ရက်​နေ့​တုန်း​က အရာရှိကို ပြန်ပစ်တာ ရှိတယ်။ မြို့​နယ်က ကား​လမ်း​နံ​ဘေး​မှာ ရဲ​ဘော်​တွေ ၁၀၁၂ က သူ့​အရာရှိကို ပြန်ပစ်တဲ့​ သတင်း​ကြား​တော့​ ဗိုလ်မှူး​ ဘသိန်း​ ဖြစ်​နေတယ်။ သူ့​တော့​ ဘာမှမဖြစ်ဘူး​။ သုံး​ယောက် ​သေတယ် ကြား​တယ်၊​ တပည့်​တွေထဲက။”

A d v e r t i s e m e n t With Us

More News
Up