A d v e r t i s e m e n t With Us

One Championship ကမ္ဘာ့ချန်ပီယံလုပွဲတွင် ဘရာဇီးနိုင်ငံသား ချန်ပီယံဆု သိမ်းပိုက်

ရန်ကုန်မြို့မှာ ဇူလိုင် ၁၈ ရက်နေ့က ကျင်းပခဲ့တဲ့ One Championship လက်ဝှေ့ စိန်ခေါ်ပွဲ ဘင်တန်ဝိတ် (Bantamweight) တန်း ကမ္ဘာ့ချန်ပီယံလုပွဲမှာ ဘရာဇီးနိုင်ငံသား ဖာနန်ဒက်စ်က ဖင်လန်နိုင်ငံသား တိုနီတော်ရူးကို ယှဉ်ပြိုင်ထိုးသတ်ပြီး ချန်ပီယံဆု သိမ်းပိုက်သွားပါတယ်။ အမ်အမ်အေ (MMA) စည်းမျဉ်းအတိုင်း ယှဉ်ပြိုင်တဲ့ မြန်မာပြည် ချန်ပီယံပွဲအဖြစ် လိုက်ဝိတ်တန်းမှာ သွေးသစ်အောင်က စောဘဦးကို အလဲထိုးပြီး လိုက်ဝိတ်တန်း ချန်ပီယံ၊ ဖယ်သာဝိတ်တန်းမှာ သပြေညိုက မျိုးမာန်သစ်ကို အနိုင်ယူပြီး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ အမျိုးသမီး စိန်ခေါ်ပွဲစဉ်မှာ ဒိုင်ဆုံးဖြတ်ချက်အရ တရုတ်နိုင်ငံသူ ဂျင်းနီက ရုရှားသူ အီလင်နာကို အနိုင်ရသွားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up