A d v e r t i s e m e n t With Us

ၾသစေၾတးလ် ရေလွှာလျှောစီး ချန်ပီယံ ငါးမန်းကိုက်ခံရမည့်ဘေးမှ လွတ်မြောက် (ရုပ်သံ)

တောင်အာဖရိကနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ရေလွှာလျှောစီး ပြိုင်ပွဲတခုမှာ ဇူလိုင် ၁၉ ရက်နေ့က သြစတြေးလျ ရေလွှာလျှောစီး ချန်ပီယံတဦး  ငါးမန်းကိုက်ခံရမယ့်ဘေးက သီသီလေး လွတ်မြောက်ခဲ့ပါတယ်။ ဖိုင်နယ်ပွဲစဉ်အတွက် ပြိုင်ပွဲဝင်နေစဉ် နောက်ရေလှိုင်းကို စီးဖို့ စောင့်နေချိန်မှာ အမျိုးအမည်မသိ ငါးမန်းတကောင် အနားရောက်လာပြီး တိုက်ခိုက်ခဲ့တာပါ။ ငါးမန်းကို ထိုးကြိတ်ကန်ကျောက်ပြီး မနည်းလွတ်အောင် ကူးလာရတယ်လို့ အသက် ၃၄ နှစ်အရွယ် သြစတြေးလျနိုင်ငံသား ဖန်နင်း (Fanning) က ပြောပါတယ်။ သူက “အဲဒီမှာ ရေလှိုင်းအလာကို ထိုင်စောင့်နေတဲ့အချိန် ကျနော့်ခြေထောက်ကြိုးကို တခုခုက ဆောင့်ဆွဲတယ်လို့ ထင်လိုက်တဲ့အချိန်မှာပဲ ငါးမန်းကိုတွေ့လို့ ထလည်းခုန်၊ ကန်လည်းကန်၊ အော်လည်းအော်ပြီး ပြန်ကူးထွက်လာရတယ်။” လို့ ဆိုပါတယ်။ အခုဖြစ်ရပ်ကြောင့် ဇူလိုင် ၂၀ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဗိုလ်လုပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းထားလိုက်ပါတယ်။ တောင်အာဖရိက ပင်လယ်ကမ်းခြေ ပတ်ဝန်းကျင်ဟာ ကမ္ဘာပေါ်မှာ ငါးမန်းတွေ အကျက်စားဆုံး နေရာတွေ ဖြစ်ကြပါတယ်။ ၂၀၁၃ ခုနှစ်က တောင်အာဖရိက ကမ်းခြေတခုမှာ ရေကူးသူတဦး ငါးမန်းဖြူတိုက်ခိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up