A d v e r t i s e m e n t With Us

လောင်းကစားကြောင့် လယ်သမားများ ဆင်းရဲတွင်းနက်နေ

လယ်သမား​တွေ ဆင်း​ရဲတွင်း​နက်​စေပြီး​ ထွက်​ငွေများ​နေတဲ့​ အ​ကြောင်း​ရင်း​တွေထဲမှာ နှစ်လုံး​သုံး​လုံး​ ​လောင်း​ကစား​ လုပ်​နေတာ​တွေ ပါ​နေတဲ့​အ​ကြောင်း​ ​နေပြည်​တော်မှာပြုလုပ်ခဲ့​တဲ့​ ​ကျေး​လက်​ဒေသဖွံ့​ဖြိုး​ရေး​နဲ့​ ဆင်း​ရဲမွဲ​တေမှု ​လျှော့​ချ​ရေး​ အလုပ်ရုံ​ဆွေး​နွေး​ပွဲမှာ ထည့်​သွင်း​ဆွေး​နွေး​ခဲ့​ကြတယ်လို့​ သိရပါတယ်။ ကျေး​လက်​ဒေသဖွံ့​ဖြိုး​ရေး​ အလုပ်ရုံ​ဆွေး​နွေး​ပွဲမှာ လယ်သမား​နဲ့​ နှစ်လုံး​ သုံး​လုံး​လောင်း​ကစား​တွေ အ​ခြေအ​နေ ပါဝင်​ဆွေး​နွေး​တင်ပြခဲ့​တဲ့​ မိုး​လေဝသပညာရှင် ဦး​ထွန်း​လွင်က အခုလို ​ပြောပြပါတယ်။ “ကျ​နော်က ​ဟော​ပြောပွဲ သွား​တော့​ နယ်စုံ​ရောက်သွား​တဲ့​အခါမှာ လယ်သမား​တွေနဲ့​တွေ့​ပြီး​ ​မေး​မြန်း​စကား​ပြောဖြစ်တယ်။ လယ်သမား​တွေ အများ​စုဟာ ဆင်း​ရဲတွင်း​နက်​အောင် ထွက်​ငွေအပိုင်း​မှာ ​တော်​တော်အ​ခြေအ​နေ ဆိုး​နေပါတယ်။ နှစ်လုံး​၊​ သုံး​လုံး​ ​လောင်း​ကစား​တွေချည်း​ပဲ။ ​လောင်း​ကစား​တွေ ဖြစ်​နေ​တော့​ ဒီအပိုင်း​ကို ​ဆွေး​နွေး​တော့​ ပထမပိုင်း​မှာ ​ဆွေး​နွေး​တဲ့​သူ မရှိပါဘူး​။ ​နောက်ပိုင်း​မှာ လိုက်​ဆွေး​နွေး​ ကြပါတယ်။ ကျ​နော်က ဒီအချက်​လေး​ကို ချပြတယ်။” အထူး​သဖြင့်​ တ​နေ့​ သုံး​ကြိမ်ထွက်တဲ့​ နှစ်လုံး​ထီ တနိုင်ငံလုံး​အနှံ့​ ​လောင်း​ကစား​နေကြတာ အကြီး​အကျယ်ပဲလို့​ ဧရာဝတီတိုင်း​၊​ ဘိုက​လေး​နယ်က လယ်လုပ်ငန်း​ရှင်တဦး​က ​ပြောပါတယ်။ “ကျ​နော်တို့​နိုင်ငံမှာ ဒီဥစ္စာက ​တော်​တော်ဆိုး​တဲ့​ ပြဿနာ။ လူထုထဲမှာ ​တော်​တော်ပျံ့​နှံ့​နေပြီး​ စီး​ပွား​ရေး​တွေကို ပျက်ပြား​တဲ့​အ​ခြေအ​နေကို ​ရောက်​နေပြီ။ ဒီအတိုင်း​ ဆက်သွား​မယ်ဆိုရင် ဒီနိုင်ငံက ​တော်​တော်​လေး​ကို အ​ခြေအ​နေ ဆိုး​ဆိုး​ဝါး​ဝါး​ အဖြစ်ကို ​ရောက်သွား​နိုင်တယ်။ လယ်သမား​ရော၊​ လက်လုပ်လက်စား​ရော၊​ ​ဗောက်သမား​ရော အကုန်ထိုး​တာ။ ” လယ်ဧကသုံး​ရာ ပိုင်တဲ့​ သူ့​မိတ်​ဆွေလယ်ပိုင်ရှင်တဦး​ ဒီနှစ်ထဲမှာ နှစ်လုံး​လောင်း​ကစား​ကြောင့်​ အခု ဧကတရာ​လောက်ပဲ ရှိ​တော့​တယ်လို့​ ​ပြောပါတယ်။ ဧရာဝတီတိုင်း​ဘက်မှာ နှစ်လုံး​လောင်း​ကစား​လုပ်ကြတာ နာဂစ်ဖြစ်ပြီး​နောက်ပိုင်း​ ပိုများ​လာပါတယ်။ ရန်ကုန်တိုင်း​၊​ ထန်း​တပင်မြို့​နယ်ထဲက ​ကျေး​ရွာ​တွေမှာ နှစ်လုံး​ထီ ​လောင်း​ကစား​ကို လိုင်စင်ရလုပ်ငန်း​တခုလို လုပ်​နေကြတာ ​ယောက်ျား​၊​ မိန်း​မအား​လုံး​ရဲ့​ ၇၀ ရာခိုင်နှုန်း​လောက် ရှိတယ်လို့​ လယ်သမား​တွေထဲ ကွင်း​ဆင်း​နေတဲ့​ စိုက်ပျိုး​ရေး​ပညာရှင်တဦး​က ​ပြောတယ်လို့​ ဆဲဗင်း​ဒေး​ဂျာနယ်မှာ ​ဖော်ပြထား​ပါတယ်။ ထိုင်း​စ​တော့​ အိပ်ခ်ျချိန်း​ဂဏန်း​ကို ကြည့်​ပြီး​ မနက် ၉ နာရီတကြိမ်၊​ မွန်း​တည့်​ ၁၂ နာရီတကြိမ်၊​ ည​နေ ၄ နာရီခွဲတကြိမ် တ​နေ့​သုံး​ကြိမ် ​လောင်း​ကစား​ လုပ်​နေကြတာ ဖြစ်ပါတယ်။ မေလ ၂၀ ရက် ​နေပြည်​တော်အလုပ်ရုံ ​ဆွေး​နွေး​ပွဲ ဖွင့်​ပွဲ​နေ့​မှာ သမ္မတ ဦး​သိန်း​စိန် က နိုင်ငံ လူဦး​ရေရဲ့​ ၇၀ ရာခိုင်နှုန်း​ဟာ ​ကျေး​လက်​ဒေသ​တွေမှာ ​နေထိုင်ပြီး​ လယ်ယာ သား​ငါး​ ကုန်ထုတ်လုပ်ငန်း​တွေ လုပ်​နေကြတယ်၊​ ​ကျေး​လက်​ဒေသ စီး​ပွား​ရေး​ဖွံ့​ဖြိုး​မှ ဆင်း​ရဲနွမ်း​ပါး​တာ​တွေလည်း​ ​လျော့​ကျလာမယ်လို့​ ထည့်​သွင်း​ ​ပြောကြား​သွား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up