A d v e r t i s e m e n t With Us

NFL ကစားသမားများ၏အသက်ကို ကယ်တင်နိုင်မည့် စုတ်တံအရွယ် ကိရိယာ (ရုပ်သံ)

စုတ်တံအသေးစား အရွယ်ပဲရှိတဲ့ ကိရိယာလေးဟာ နိုင်ငံလက်ရွေးစင် ဘောလုံးအသင်းက အနာဂတ် ကစားသမားတွေရဲ့ အသက်ကို တကယ်ကို ကယ်တင်နိုင်တော့မှာပါ။ ဒီနည်းပညာဟာ စုတ်တံသက်သက် မဟုတ်ပါဘူး။ ဒေါက်တာအီးရစ်ဝတ်ဇဲလ်နဲ့ အဖွဲ့ဟာ အမေရိကန်တပ်မတော် သုတေသန ဓာတ်ခွဲခန်းဌာနမှာ ဒီဇိုင်းထုတ်ခဲ့တာပါ။ "RAT ဆိုင်းကြိုးလို့ခေါ်တဲ့ နှုန်းနှိုးဆော်ဆိုင်းကြိုး တခုပါ။ အကျုံ့အဆန့် လုပ်နိုင်သတ္တိ အရမ်းကောင်းတဲ့အတွက် ဖြည်းဖြည်းလေး ဆွဲမယ်ဆိုရင် ဆန့်ထွက်လာပြီး အားထည့် အမြန်ဆောင့်ဆွဲရင်တော့ ပိုကြီးတဲ့အားနဲ့ ကြံ့ကြံ့ခံနေတတ်ပါတယ်။ ပြောရရင် ဖြည်းဖြည်းလေး ဆွဲတာထက် အမြန်ဆွဲရင် အဆ ၁၀၀ ပိုများတဲ့အားနဲ့ ခုခံဆန့်ကျင်တတ်ပါတယ်။" RAT ဆိုင်းကြိုးကို ဘောလုံးကစားသမားတွေအတွက် ရည်စူးပြီး တီထွင်ခဲ့တာပါ။ ဒီဆိုင်းကြိုးကို Armour and General Electric ကုမ္ပဏီလက်အောက်ခံဖြစ်တဲ့ NFL အားကစားဝတ်စုံလုပ်ငန်းနဲ့ Head Health Challenge II ကုမ္ပဏီတို့ ပူးပေါင်းတည်ထွင်ခဲ့တာပါ။ စဦး ရည်မှန်းချက်ကတော့ ကစားသမားတွေကို ခေါင်းပိုင်းထိခိုက်မှုတွေကနေ ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ ၀တ်ဇယ်လ်ကတော့ ဒီဆိုင်းကြိုးကို ဘောလုံးယှဉ်လုချိန်မှာ ခေါင်းနဲ့မြေပြင် အရှိန်နဲ့ ပစ်မတိုက်မိအောင် လျှော့ချပေးဖို့ ဒီဇိုင်းထုတ်ပေးခဲ့တာပါ။ "ခေါင်းရဲ့ရွေ့လျားမှုစနစ်နဲ့ ဒီဆိုင်းကြိုးတွေကို ပေါင်းစပ်ပေးဖို့ စိတ်ကူးရတာပါ။ ဒါမှပဲ ခေါင်းနဲ့မြေပြင် ၀င်ဆောင့်တဲ့အချိန်မှာ ဆိုင်းကြိုးတွေက ခေါင်းရွေ့လျားမှုကို ရှော့ခ်အဘ်ဇော့ဘားလို လျှော့ချပေးမှာပါ။ ဒါကြောင့် ခေါင်းက အရှိန်နည်းနည်းနဲ့ မြေပြင်ကို ၀င်တိုက်မိမှာမို့ ဦးနှောက်ပေါ် သက်ရောက်မှုနည်းသွားပြီး ဦးနှောက်ထိခိုက်မှုတွေ လျော့သွားမှာပါ။" ဒီအနှေးပြကွက်ရုပ်သံက ဆိုင်းကြိုးမပါတဲ့ခေါင်း မြေပြင်ကိုတိုက်မိပြီး နဂိုအနေအထားကနေ ပိုပြီးတွန်းထုတ်သလို ဖြစ်သွားပုံကို ပြသနေပါတယ်။ တိုက်မိပြီးတဲ့နောက် ဆိုင်းကြိုးပါတဲ့ခေါင်းက နဂိုအနေအထားနဲ့ နီးနီးကပ်ကပ်ရှိနေအောင် ထိန်းထားပါတယ်။ ၀တ်ဇဲလ်ကတော့ ဒီလျှပ်စစ်ဆိုင်းကြိုးမှာ ဖိအားအလိုက်ပြောင်းအရည် ပါဝင်ပါတယ်လို့ ပြောပါတယ်။ "ဖိအားအလိုက်ပြောင်းအရည်မှာ သိပ်ကိုဆန်းကျယ်တဲ့ ဂုဏ်သတ္တိတခု ရှိပါတယ်။ သူ့ကို ဖြည်းဖြည်းစီးခိုင်းရင် စေးပျစ်မှုနည်းပြီး မြန်မြန်စီးခိုင်းရင်တော့ စီးဆင်းမှုကို ဆန့်ကျင်ပြီး အခဲသဏ္ဌာန်ကို ပြောင်းသွားတယ်။ သိပ္ပံချိန်မှာ ကလေးတွေ တခါတရံ စမ်းသပ်ကြတဲ့ ရေထဲမှာ ပြောင်းကစီတွေ စုနေသလိုမျိုးနဲ့ အရမ်းတူပါတယ်။" သိပ္ပံအတန်းမှာပဲဖြစ်ဖြစ် ဘောလုံးကွင်းမှာပဲသုံးသုံး ဒီထုတ်ကုန်ဟာ ကစားသမားတွေကို အန္တရာယ်ပိုကင်းအောင် လုပ်ပေးနိုင်မယ်လို့ NFL ကုမ္ပဏီက မျှော်လင့်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up